ဆိုင်ကလိုထရွန်

ဝီကီပီးဒီးယား မှ
ရေဒီယိုသတ္တိကြွမှုဖြင့် ကုသရာတွင် အသုံးပြုသော ခေတ်သစ် ဆိုင်ကလိုထရွန်
ဖိုင်:1937-French-Cyclotron - University of Washington.jpg
ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှ ၁၉၃၇ တွင် ထုတ်လုပ်သော ဆိုင်ကလိုထရွန်

ဆိုင်ကလိုထရွန်ဆိုသည်မှာ အက်တမ်ကိုဖြိုခွင်းရာ၌ အသုံး ပြုသော စက်ဖြစ်သည်။ ဆိုင်ကလိုထရွန်ကိုပထမဆုံးဆောက် လုပ်ခဲ့သူမှာကာလီဖိုးနီးယားတက္ကသိုလ်မှအားနက်လောရင့်ဆို သူ သိပ္ပံပညာရှင်ကြီးဖြစ်သည်၊ဆိုင်ကလိုထရွန်သည်အက်တမ် ၏ အစိတ်အပိုင်းများဖြစ်ကြသောပရိုတွန်း၊ ဒျူတာရွန်နှင့် အယ်လဖာမှုန့်(နျူထရွန်း) စသည်တို့ကို လျှပ်စစ်သံလိုက် ပိုစွန်းနှစ်ခုကြားရှိ ပလာနယ်ဖြစသောသံလိုက်စက်ကွင်းတွင် လည်ပတ်စေ၍ အရှိန်လျင်မြန်သည်ထက်လျင်မြန်လာအောင် ပြုလုပ်ပေးသည်။


ဆိုင်ကလိုထရွန်တွင် အရေးကြီးသော အစိတ်အပိုင်းများမှာ အင်္ဂလပ် အက္ခရာ ီ ပုံရှိသော အခေါင်းရှိသည့် ချပ်ပြားခြမ်းနှစ်ခြမ်းဖြစ် သည်။ ဤချပ်ပြားခြမ်းတို့ကို 'ဒီ'ဟု ခေါ်သည်။ ဤ'ဒီ'ချပ်ပြား ခြမ်းတို့အတွင်း၌ လျှပ်စစ်ဓာတ်ရှိသော အက်တမ် အမှုန်များကို အလွန်မြန်သော အလျင်ဖြင့် သွားစေသည်။ ထိုအမှုန်များသည် သံလိုက်နယ်၏ အရှိန်ကြောင့် 'ဒီ'ချပ်ပြားများအတွင်းတွင် စက်ဝိုင်းပုံလမ်း အတိုင်း လှည့်ပတ်သွားကြသည်။ ချပ်ပြားနှစ်ခု ကို ဗို့အားထောင်ပေါင်းများစွာ ခြားနားခြင်းရှိစေရန် အနည်း ငယ်မျှသာ ခွာထားသည်၊ ခွာထားသည့်နေရာတွင် အက်တမ်း အမှုန်များ ဖြတ်သန်းသွားသည့်အခါတိုင်း အက်တမ်အမှုန်တို့ တွင် အလျင်တိုးလာစေရန် ဗို့ခြားနားမှုကို မကြာခဏပြောင်း ပေးသည်။ အက်တမ်အမှုန်တို့ ၏ အလျင်တိုးလာသောအခါ ထိုအမှုန်များလှည့်ပတ်သွားရာစက်ဝိုင်း၏ အချင်းသည်လည်း ကြီးလာသည်။ အက်တမ်ကိုဖြိုခွင်းရန် အသင့်ဖြစ်နေသောအချိန် တွင် အမှုန်တို့၏ အလျင်သည် တစ်စက္ကန့်လျှင် မိုင် ၂ဝဝဝဝ မျှရှိသည်။ ဤအလျင်ကား ရိုင်ဖယ်ကျည်ဆန်၏ အလျင်ထက် အဆပေါင်း ၃၅ဝဝဝ မျှပိုမြန်သည်။

အက်တမ်ကို ဆိုင်ကလိုထရွန်ဖြင့် ဖြိုခွင်းရာတွင် ဖြိုခွင်းခံ ရသောဒြဗ်စင်တစ်ခု၏ အက်တမ်များသည် အခြားဒြဗ်စင်တစ်ခု ၏ အက်တမ်များအဖြစ်သို့ ပြောင်းသွားသည်။ တစ်ခါတစ်ရံ ဖြိုခွင်းခံရသော ဒြဗ်စင်မှ အက်တမ်တို့သည် ရေဒီယမ်သတ္တိနှင့် ပြည့်စုံလာကြ၍ ရေဒီယမ်ကဲ့သို့ပင် ရောင်ခြည်များလွှတ်ကြ သည်။

ဖြိုခွင်းခံရသော အက်တမ်တို့မှ ထွက်လာသောအမှုန်အချို့သည် နျူးထရွန်းများ ဖြစ်ကြသည်။ ထိုနျူးထရွန်းများကို အခြားအက်တမ်များ ဖြိုခွင်း ရာ၌ပြန်လည်အသုံးပြုနိုင်သည်။ အကြောင်းမှာ ဤသို့ဖြစ်သည်။ နျူးထရွန်းတွင် လျှပ်စစ်ဓာတ်မရှိချေ။ ထို့ကြောင့် အက်တမ်၏ နျူးကလီး ယပ်ပတ်လည်၌ရှိသည့် အလွန်အားကောင်းသော လျှပ်စစ်နယ်သည် ထိုနျူးထရွန်း၏အလျင်ကို နှေးသွားအောင် မလုပ်နိုင်ချေ။ အရှိန်ပြင်းသော နျူးထရွန်း၏အလျင်ကို အက် တမ်ဖြိုခွင်းရာ၌ အသုံးချ၍ရသည်။

ဒြဗ်စင်တစ်ခုသည် မည်သည့် အမျိုးအစားဖြစ်သည်ဟူသော အချက်မှာ နျူးကလီးယပ်တွင်ရှိသော ပရိုတွန်း၏ အရေအတွက် ပေါ်၌ အကြောင်းပြုလျက်ရှိသည်။ ဤပရိုတွန်း၏အရေအတွက် အလိုက် နျူးကလီးယပ်ပတ်လည်၌ လှည့်ပတ်သွားနေသော အီလက်ထရွန် အရေအတွက်သည်လည်း ပြောင်းလဲသည်။ ရူပ ဗေဒပညာရှင်တို့သည် ဒြဗ်စင်တစ်ခုကို ထိုဒြဗ်စင်ထက် အက် တမ်နံပါတ်ကြီးသော ဒြဗ်စင်သို့ ပြာင်းယူလိုလျှင် နျူးကလီးယပ် ထဲသို့ ပရိုတွန်း သို့မဟုတ် ဓာတ်ဖိုအစုများကို ပေါင်းထည့်ပေး သည်။ နျူးကလီးယပ်၏ အက်တမ်နံပါတ်ကို လျော့ပစ်လိုသော အခါ၌မူကား ဓာတ်ဖိုများကို ထုတ်ပစ်သည်။ ခဲပုပ်နျူးကလီး ယပ်မှ ပရိုတွန်းသုံးခုထုတ်ပစ်ခြင်းဖြင့် ခဲပုပ်ကို ရွှေဖြစ်အောင် လုပ်ယူနိုင်သည်။ ဤသို့ သာမန်သတ္တုများမှ ရွှေပြုလုပ်ယူနည်း ကို အဂ္ဂိယတ်ဆရာများသည် ရှေးအခါကပင် ကြံဆခဲ့ကြလေ သည်။

ဆိုင်ကလိုထရွန်စက်သည် အလွန်ကြီးမားသော စက်ဖြစ် သည်။ ထိုစက်တွင် အားကောင်းသော သံလိုက်စက်ကွင်းများကို အလွန်ကြီးသော လျှပ်စစ်သံလိုက်ဖြင့် ပြုလုပ်ယူကြ၏။ တစ်ခါ တစ်ရံ ဤသံလိုက်များသည် တန်ချိန် ၂၂ဝ အထိပင်အလေးချိန် စီးကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)