ဆိုဂျူး

ဝီကီပီးဒီးယား မှ

ဆိုဂျူး(/ˈs/; from Korean: 소주; 燒酒 [so.dʑu])သည် ကိုရီးယားဒေသထွက် ကြည်လင်သော၊ အရောင်မဲ့သည့် အဖျော်ယမကာတစ်မျိုးဖြစ်သည်။ ဆိုဂျူးကို ရေမရောပဲ သောက်သုံးလေ့ရှိပြီး ပမာဏအလိုက် အရက်ပါဝင်မှုနှုန်းသည် ၁၆.၈ ရာခိုင်နှုန်းမှ ၅၃ ရာခိုင်နှုန်းအထိ ရှိသည်။ သောက်သုံးမှုအများသော ဆိုဂျူးအမှတ်တံဆိပ်များမှာ တောင်ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်သည်။ ရိုးရာနည်းတွင် ဆန်၊ ဂျုံနှင့် ဘာလီတို့မှ ပြုလုပ်လေ့ရှိပြီး ယနေ့ခေတ်တွင် ထုတ်လုပ်သူတို့သည် ဆန်အစား အခြားကစီဓာတ်ကဲသော အသီးအနှံများဖြစ်သည့် အာလူး၊ ကန်စွန်းဥနှင့် ပီလောပီနံတို့မှလည်း ထုတ်လုပ်ကြသည်။

သောက်သုံးမှု[ပြင်ဆင်ရန်]

မကြာသေးမီနှစ်များတွင် ဘီယာ၊ ဝီစကီနှင့် ဝိုင်တို့ သောက်သုံးမှု များလာသော်ငြား ဆိုဂျူးသည် အလွယ်တကူရရှိနိုင်မှုနှင့် ဈေးသက်သာမှုတို့ကြောင့် ကိုရီးယား၏ သောက်သုံးမှုများသော အရက်ပါဝင်သည့် အဖျော်ယမကာများထဲမှ တစ်ခု ဖြစ်၍နေဆဲပင်ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံငံတွင် ပုလင်းပေါင်း ၃ ဘီလီယံကျော် သောက်သုံးခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင်လည်း ခန့်မှန်းအားဖြင့် ပျမ်းမျှ အရွယ်ရောက်ပြီးသား ကိုရီးယားနိုင်ငံတစ်ယောက်သည် ဆိုဂျူးပုလင်း ၉၀ မျှ သောက်သုံးခဲ့သည်။ ၂၀၁၄ ခုနှစ် အစီရင်ခံစာများတွင်လည်း အရက်သောက်သုံးနိုင်သော အရွယ်ရှိသည့် တောင်ကိုရီးယားနိုင်ငံသားတို့သည် တစ်ပါတ်လျှင် ပျမ်းမျှ အရက်တစ်မော့စာ ၁၃.၇ အရေအတွက်ပမာဏ သောက်သုံးခဲ့ကြပြီး ရုရှားမှ ၆.၃ ဖြင့် ဒုတိယ ရရှိခဲ့သည်။ သောက်သုံးမှုနှိုင်းယှဉ်ချက်များအရ အမေရိကန်နိုင်ငံမှ ၃.၃၊ ကနေဒါနိုင်ငံမှ ၂.၅နှင့် ယူကေမှ ၂.၃ ပမာဏ သောက်သုံးခဲ့သည်။