ဆိုက်ဒါ နှင့် ပယ်ရီ

ဝီကီပီးဒီးယား မှ

အလောတော်မှည့်သော သစ်သော့သီးနှင့် ပဲယားသီးတို့၏ အရည်ကိုညှစ်၍ အချဉ်ဖောက်ယူသော ဆိုက်ဒါရည်နှင့် ပယ်ရီရည်ခေါ် အဖျော်ရည်များကို အနောက်နိုင်ငံများတွင် အများ အပြား သုံးဆောင်ကြသည်။

သစ်သော့သီးရည်နှင့် လုပ်သော အဖျော်ရည်ကို ဆိုက်ဒါ ဟုခေါ်သည်။ ပဲယားသီးရည်မှရသော အဖျော်ရည်ကို ပယ်ရီဟု ခေါ်သည်။ နှစ်မျိုးလုံမှာ စီရင်နည်းအတူတူပင်ဖြစ်၍ အရသာ တွင်လည်း များစွာမထူးခြားချေ။

သို့ရာတွင် ပဲယားသီးမှရသော ပယ်ရီထက် သစ်သော့သီးမှ ရသော ဆိုက်ဒါကို ပိုမိုပြုလုပ်၍ ရောင်းချကြသည်။ ရိုးရိုးဆိုက် ဒါနှင့် ဆူတက်သော ဆိုက်ဒါဟူ၍ နှစ်မျိုးရှိရာ၊ ဆူသော ဆိုက်ဒါမှာ ကာဗွန်နစ်အက်ဆစ် ဓာတ်ထည့်ထားသည်။ အမှည့်လွန်သော သစ်သော့သီးနှင့် ပဲယားသီးအရည်များ သည် ကဇော်ပေါက်နိုင်စေသော အချိုဓာတ်များ စွာပါရှိ၏။ ထိုအရည်များကို ညှစ်ယူပြီးနောက် အယ်လကိုဟော ၂ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ အရည်ထဲတွင်ရှိလာသဖြင့် အရည် မပျက်သွားဘဲ ကြာမြင့်စွာခံသည်။ သို့သော် ထိုသို့ပါရှိသော အရက်(ဝါ) အယ်လကိုဟောဓာတ်မှာ သောက်သူမူးစေနိုင် လောက်အောင် အချိုးအစားမများပေ။ သစ်သီးအမှည့်လိုနေ သေးလျှင် သကြားအနည်းငယ်ထည့်ပေးရ၏။

ဤသို့ စီရင်ပြီးသစ်သီးရည်များကို လုံခြုံသောပုလင်း၊ စည်စသည်တို့တွင် ထည့်၍ အလုံပိတ်ကာ သိုမှီးထားရသည်။ အလွန်ကောင်းသော အဖျော်ရည်ဖြစ်လာစေရန် အချို့ကတစ်နှစ် ခန့်မြေအောက်၌ မြှုပ်ထားပြီးမှ သုံးဆောင်လေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

မှတ်ချက်[ပြင်ဆင်ရန်]