ဆိတ်ဆိတ်နေ ထောင်တန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆိတ်ဆိတ်နေ ထောင်တန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မပြောသင့်သော အခြေအနေတွင် ဆိတ်ဆိတ်နေခြင်းသည် တောတစ်ထောင်တန်သည်ဆိုသကဲ့သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့်စည်းခြင်းသည် အကျိုးများစွာ ရှိသည်။ [၁]

တစ်ရံရောအခါ ကေသရာဇာခြင်္သေ့မင်းသည် မြေခွေးမနှင့် ပေါင်းဖော်ရာ ခြင်္သေ့ငယ်တစ်ကောင် ဖွားမြင်၏။ ခြင်္သေ့မင်းက ခြင်္သေ့ငယ်အား သင် အသံမပြုနှင့်၊ အသံပြု၍ အခြားတိရစ္ဆာန်များကြားလျှင် မြေခွေးသံပါ၍ မရိုမသေရှိချေတော့မည်၊ သင် ဆိတ်ဆိတ် နေသော် ယူဇနာတစ်ထောင်ရှိသော တောကို ပေးမည်ဆို၏။ သို့သော် ခြင်္သေ့ငယ်က ဆိတ်ဆိတ်မနေ၊ ဟောက်ချေသောကြောင့် အခြားတိရစ္ဆာန်များက မရိုမသေရှိ၍ တောတစ်ထောင်ကို မရရှိတော့ချေ။ ခြင်္သေ့မင်းလည်း "ဆိတ်ဆိတ် နေပါလေသော် တောတစ်ထောင်တန်လေ၏"ဟု ဆိုလေသည်။ [ပုံပြင်] [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ခုဘာမျှ မပြောလိုသေးပါဟု တစ်ခွန်းတည်းဖြေလိုက်၏။ ဆိတ်ဆိတ်နေ ထောင်တန်ဆိုသော စကားကို ဝါဒပြုလိုက်၏။ [၁၃၀၂] အိုင်ယာလန်။ ၁၇၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (ဇွန်လ ၂၀၀၈) မြန်မာစကားပုံ, စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း, မြန်မာစာအဖွဲ့ဦးစီးဌာန, နှာ-၇၅။