ဆိတ်ချေးပင်

ဝီကီပီးဒီးယား မှ
Bridelia retusa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Phyllanthaceae
မျိုးဇာတ်သေး: Pseudolachnostylidinae
မျိုးစု: Bridelia
မျိုးစိတ်:
B. retusa
ဒွိနာမ
Bridelia retusa
(L.) A.Juss.
ဆိတ်ချေးပင်

ဆိတ်ချေးပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'ဗရိုက်ဒဲလီးယား ရီတျူဆာ'(Bridelia retusa)ဟူ၍ခေါ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက် ပိုင်းတွင် အတွေ့ရများသည်။ အမြင့်ပေ ၄ဝ၊ ပေ ၅ဝ ခန့်ရှိ၍၊ လုံးပတ် ၃ ပေ၊ ၄ ပေခန့်ရှိသည်။

အသားမာ၏။ အရောင်ညိုသည်။ အိမ်တိုင်လုပ်ရာ၌ အသုံးများ၏။ ရေအောက်၌ တာရှည်ခံသည်။ ထွန်တုံး၊ ထွန် တံ၊ လှည်းအိမ်လုပ်ရန်ကောင်း၏။ အသားမှာကျစ်၍၊ ကုဗ တစ်ပေလျှင် ၅၂ ပေါင်စီး၏။ သစ်ခေါက်ကို သားရေနယ်ရန် အတွက် အသုံးချရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)