ဆိတ်ချေးပင်
ပုံပန်းသွင်ပြင်
| Bridelia retusa | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malpighiales |
| မျိုးရင်း: | Phyllanthaceae |
| မျိုးဇာတ်သေး: | Pseudolachnostylidinae |
| မျိုးစု: | Bridelia |
| မျိုးစိတ်: | B. retusa |
| ဒွိနာမ | |
| Bridelia retusa (L.) A.Juss. | |

ဆိတ်ချေးပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'ဗရိုက်ဒဲလီးယား ရီတျူဆာ'(Bridelia retusa)ဟူ၍ခေါ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက် ပိုင်းတွင် အတွေ့ရများသည်။ အမြင့်ပေ ၄ဝ၊ ပေ ၅ဝ ခန့်ရှိ၍၊ လုံးပတ် ၃ ပေ၊ ၄ ပေခန့်ရှိသည်။
အသားမာ၏။ အရောင်ညိုသည်။ အိမ်တိုင်လုပ်ရာ၌ အသုံးများ၏။ ရေအောက်၌ တာရှည်ခံသည်။ ထွန်တုံး၊ ထွန် တံ၊ လှည်းအိမ်လုပ်ရန်ကောင်း၏။ အသားမှာကျစ်၍၊ ကုဗ တစ်ပေလျှင် ၅၂ ပေါင်စီး၏။ သစ်ခေါက်ကို သားရေနယ်ရန် အတွက် အသုံးချရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Bridelia retusa
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ဝီကီမျိုးစိတ်တွင် Bridelia retusa နှင့် ပတ်သက်သော အချက်အလက်များ ရှိသည်။