ဆာ့ချ် ဒက်ဆော့တ်

ဝီကီပီးဒီးယား မှ
ဆာ့ချ် ဒက်ဆော့တ်
ဆာ့ချ် ဒက်ဆော့တ်
မွေးသက္ကရာဇ် (1925-04-04) ဧပြီ ၄၊ ၁၉၂၅ (အသက် ၉၈)

အလုပ်အကိုင် စွန့်ဦးတီထွင်သူ၊ နိုင်ငံရေးသမား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇.၆ ဘီလျံ
သားသမီး အိုလီဗာ ဒက်ဆော့တ်
မိဘ မာဆယ် ဒက်ဆော့တ်

ဆာ့ချ် ဒက်ဆော့တ် ကို ၁၉၂၅ ခုနှစ် ဧပြီလလ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ပြင်သစ်ကုန်သည် (Dassault အဖွဲ့ကြီး၏ ဥက္ကဋ္ဌ/အမှုဆောင်ချုပ်)နှင့် ရှေးရိုးစွဲနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ Forbes မဂ္ဂဇင်းအရ ၂၀၀၆ ခုနှစ်တွင် သူသည် ၅၆ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သည်။ သူသည် Dassault အဖွဲ့ကို တည်ထောင်ဆက်ခံခွင့်ပေးခဲ့သော မာဆယ်လ် ဒက်ဆော့တ် ၏ သားဖြစ်သည်။ ဖခင်သေဆုံးသောအခါ သူသည် လက်ရှိ အမှုဆောင်ချုပ်ဖြစ်သော Charles Edelstenne ၏ အကူအညီဖြင့် ကုမ္ပဏီကို ဆက်လက်တိုးတက်စေခဲ့သည်။ ဆာ့ချ် ဒက်ဆော့တ် သည် Supaero ရှိ Ecole Polytechnique နှင့် HEC Paris တွင် ပညာသင်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် သူ့ဖခင်သည် ဂျာမဏီတို့၏ လေယာဉ်ထုတ်လုပ်မှုတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သောကြောင့် Buchenwald သို့ ပို့ခြင်းခံရပြီး သူ့ကိုလည်း ထောင်ချခဲ့သည်။ Dassault အဖွဲ့သည် Groupe Le Figaro ကိုလည်း ပိုင်ဆိုင်သည်။ သူသည် ထင်ရှားသော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုပါတီစုကြီး၏ အဖွဲ့ဝင်ဖြစ်ပြီး သူ၏သား အိုလီဗာ သည် ပြင်သစ်နိုင်ငံတော်အစုအရုံးကြီး၏ ကိုယ်စားလှယ်ဖြစ်သည်။

သူသည် ပြင်သစ်နိုင်ငံ တောင်ပိုင်းအစွန်ဘက်ရှိ Corbeil-Essonnes မြို့၏ မြို့တော်ဝန်လည်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ဆာ့ချ် ဒက်ဆော့တ် သည် သူ၏မြို့ဖြစ်သော Corbeil-Essonnes ရှိ အစ္စလာမ်ရိုးရာစင်တာ (ဗလီ)သို့ သူ၏ကိုယ်ပိုင်ငွေထဲမှ ယူရိုငွေ ၂၀၀ မီလျံကို ကူညီလှူဒါန်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် သူသည် Belgian Agusta လုပ်ကြံမှုကြောင့် ၂ နှစ် ပြစ်ဒဏ်နှင့် ဘယ်လ်ဂျီယံငွေကြေး ၆၀,၀၀၀ ကို ဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် သူသည် လွှတ်တော်အမတ်ဖြစ်လာပြီး သူ့ရာထူးအရ စီးပွားရေးနှင့်လုပ်ငန်းခွင်ကိစ္စများ၏ ရှေးရိုးအမြင်များအတွက် ပြင်သစ်ပြည်၏ အမြတ်ခွန်နှင့် လုပ်ငန်းခွင်စည်းမျဉ်းများသည် စီးပွားရေးလောကကို ဖျက်ဆီးနေသည်ဟု အခိုင်အမာ ေထောက်ခံပြောဆိုသူတစ်ဦးဖြစ်လာခဲ့သည်။

အခြားဆက်စပ်လင့်ခ်[ပြင်ဆင်ရန်]