ဆာရီယယ်လစ်ဇင်

ဝီကီပီးဒီးယား မှ

ဆာရီယယ်လစ်ဇင် (Surrealism) သည် ၁၉၂၀ ခုနှစ်များ အလယ်ပိုင်းတွင် စတင်ခဲ့သော လှုပ်ရှားမှု ဖြစ်သည်။ အဖွဲ့ဝင်များ၏ အနုပညာပြသမှုများနှင့် စာပေများကြောင့် ထင်ရှားသည်။ ဆာရီယယ် လစ်ဇင် ရုတ်တရက် အံ့အားသင့်ဖွယ်ရာ ကောင်းသော အနုပညာပစ္စည်းများကို ဖော်ထုတ် ပြသခြင်းပင် ဖြစ်သည်။ မျှော်လင့်မထားသော အရာများကို အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ဘေးချင်းယှဉ်၍ ချထားခြင်း မျိုး ဖြစ်သည်။ ဆာရီယယ်လစ်ဇင် ကျင့်သုံးသော အနုပညာရှင်များမှာ သူတို့၏ အနုပညာ ပစ္စည်းများကို ပထမဦးဆုံးသော အတွေးအခေါ်ဆိုင်ရာ လှုပ်ရှားမှု အနေနှင့် ရှုမြင်ကြသည်။ အနုပညာ ပစ္စည်းများမှာ လက်မှု ပစ္စည်းများ ဖြစ်ပြီး လှုပ်ရှားမှု၏ ခေါင်းဆောင် အန်ဒရေ ဘရက်တွန်က ဆာရီယယ်လစ်ဇင်သည် တော်လှန်သော အနုပညာလှုပ်ရှားမှုများ အားလုံး၏ အထက်တွင် ရှိသည်ဟု ဆိုခဲ့သည်။ ပထမ ကမ္ဘာစစ်တွင်စသော ဒါဒါဝါဒ မှ အစပြုခဲ့ပြီးနောက် ဆာရီယယ်လစ်ဇင်သည် ပဲရစ်တွင် အခြေတည်လှုပ်ရှားခဲ့သည်။ ၁၉၂၀ နှစ်များမှ စ၍ ကမ္ဘာ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။

ဆာရီယယ်လစ်ဇင်[ပြင်ဆင်ရန်]

မံသစက္ခုဖြင့် မြင်ရသောအရာဝတ္ထုတို့သည် ပရမတ် သဘောအားဖြင့် အစစ်အမှန်မဟုတ်ချေ။ မျက်မြင်ထင်ရှား တွေ့ကြုံ ရသောလောကထက် အစစ်အမှန်ဖြစ်သောလောကဟူ၍ ရှိသည်။ ထိုအစစ်အမှန်လောကကို ဘဝင်စိတ်ဖြင့်သာသိနိုင် သည်။ ဤသို့လျှင် ပန်းချီအနုပညာတွင် ဆာရီယယ်လစ်ဇင် ဂိုဏ်းသားတို့က ယူဆကြသည်။ ယင်းယူဆချက်အရ မျက်မြင် သဏ္ဌာန်ကိုပဓာန မထားဘဲ၊ စိတ်စေတသိက်၌ထင်မြင်လာသော သဏ္ဌာန်ကို ထိုဂိုဏ်းသားတို့က သရုပ်ဖော်ကြသည်။ ဤသည် ကိုပင် ဆာရီယယ်လစ်ဇင်ဟု ခေါ်ကြသည်။ ထိုဆူရီယယ်လစ်ဇင်း ပန်ချီဂိုဏ်းကို အန်းဒရေး ဗရီတွန်း သည် ပြင်သစ်နိုင်ငံ ပါရစ်မြို့တော်တွင် ၁၉၂၃ ခုနှစ်၌စတင် တည်ထောင်ခဲ့သည်။ ဗရီတွန်းသည် ၁၉၂၄ ခုနှစ်တွင် သူ၏ ပန်းချီဝါဒကို ကြေညာရာ၌ ဆာရီယယ်လစ်ဇင်ပန်းချီစနစ်သည် ကျိုးကြောင်းဆက်စပ်မှုကို မလိုက်၊ ရူပါရုံအလှကို လည်းမပြ၊ လူတို့၏ စာရိတ္တနှင့်လည်းမဆိုင်၊ စိတ်တွင် အိပ်မက်ပမာ ထင်မြင်လာသော သဏ္ဌာန်ကိုရေးခြယ်ခြင်းပင်ဖြစ်သည်ဟူ၍ ကြေညာခဲ့သည်။ ပီကာဆို၏ ပန်းချီကားသည် ဆူရီယယ်လစ် ဇင်း ပန်းချီဂိုဏ်းသားတို့အား ဩဇာလွှမ်းမိုးသည်ဟု ယူဆကြ သည်။ ပြင်သစ်ပန်းချီဆရာများ၏ လောကတွင် ပီကာဆိုကို ဆာရီယယ်လစ်ဇင်ဂိုဏ်း၏ ဂိုဏ်းအုပ်အနေနှင့် လေးစားကြ သည်။ (ပီကာဆို ပက်ဗလို)


စာပေအနုပညာ၌လည်း ဆာရီယယ်လစ်ဇင်သည် ပြင်သစ် နိုင်ငံ၌ ခရစ် ၁၉၂ဝ ပြည့်နှစ်မှစ၍ ထွန်းကားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)