ဆာမန်ခန်း

ဝီကီပီးဒီးယား မှ
ဆာမန်ခန်း
Khan speaking at a TED conference in 2011
မွေးဖွား (1976-10-11) အောက်တိုဘာ ၁၁၊ ၁၉၇၆ (အသက် ၄၇)
Metairie, Louisiana, U.S.
ပညာရေးGrace King High School
မိခင်ကျောင်း
  • Massachusetts Institute of Technology (B.S., M.S.)
  • Harvard University (M.B.A.)
အလုပ်အကိုင်
  • Teacher
  • Founder and CEO of Khan Academy
  • Founder of Khan Lab School
  • Board member of Aspen Institute
အိမ်ထောင်ဖက်(များ)Umaima Marvi (2004–present)
သားသမီး2

ဆာမန်ခန်း (၁၉၇၆ ခုနှစ် အောက်တိုဘာ ၁၁ ဖွား)သည် အမေရိကန်နိုင်ငံသားသင်ကြားပြသသူနှင့် ခန်းအကယ်ဒမီကို တည်ထောင်ခဲသူဖြစ်သည်။ ခန်းအကယ်ဒီသည် အခမဲ့အွန်လိုင်းပညာရေးပလက်ဖောင်းတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့အစည်းက ပညာရေးနှင့်ပတ်သက်၍ ကျယ်ပြန့်စွာပင် သင်ကြားမှုလေ့ကျင့်ခန်းသင်ခန်းစာဗီဒီယိုပေါင်း ၆၅၀၀ ကျော်ကို ထုတ်လွှင့်ပေးထားသည်။ ၎င်းတို့သည် အဓိကအားဖြင့် သင်္ချာနှင့် သိပ္ပံဘာသာရပ်များအပေါ် အဓိကအလေးအနက်ထား လုပ်ဆောင်ကြသည်။[၁] ထို့ပြင် ဆာမန်ခန်းသည် ခန်းအကယ်ဒမီနှင့် စပ်ဆက်ထားသည့် Khan Lab School ကို တည်ထောင်သူလည်း ဖြစ်သည်။ [၂]

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ခန်းအကယ်ဒမီ၏ ယူကျုချန်နယ်သည် Subscribe ပြုလုပ်သူ ၆ သန်းကျော်ခဲ့သည်။ ခန်းအကယ်ဒမီမှ ဗီဒီယိုများကို ကြည့်ရှုမှုအကြိမ်အရေအတွက်သည် ၁.၇ ဘီလီယံကျော် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ဆာမန်းကို ကမ္ဘာပေါ်ရှိ ဩဇာအာဏာအရှိဆုံးသူ ၁၀၀ စာရင်းတွင် တိုင်း (Time) သတင်းစာက ဖော်ပြခဲ့သည်။[၃] ထိုနှစ်တွင်ပင် ဖို့မဂ္ဂဇင်း (Forbes) က ခန်းကို "$1 Trillion Opportunity" ဟူသည့် ခေါင်းစဉ်ဖြင့် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။[၄]


အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဆာမန်ခန်းကို တွင် ဘင်္ဂါလီမိသားစုမှ ဖွားမြင်ခဲ့သည်။ [၅]သူ၏ ဖခင်ဖြစ်သူသည် ပါကစ္စတန်အရှေ့ပိုင်းရှိ Barisal (ဤနေရာသည် ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ် နယ်မြေ ဖြစ်သည်) မှ ဖြစ်ပြီး မိခင်ဖြစ်သူမှာ အိန္ဒိယနိုင်ငံ၊ Murshidabad မှ ဖြစ်သည်။[၅][၆] သူသည် ဂရေ့ကင်းအထက်တန်းကျောင်း (Grace King High School) တွင် ပညာသင်ကြားခဲ့သည်။[၇] သူသည် အထက်တန်းကျောင်းသတင်းစာအတွက် ကာတွန်းရေးဆွဲသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။[၈] ခန်းသည် အထက်တန်းနှင့် ၁၉၉၄ ခုနှစ် ဘွဲ့ရရှိစဉ်ကပင် အဆင့်မြင့်သင်္ချာဘာသာရပ်ကို နယူးအော်ရီလန်းတက္ကသိုလ်တွင် သင်ကြားခဲ့သည်။[၉][၁၀]

ခန်းသည် မက်ဆာချူးဆက်နည်းပညာအင်စတီကျု (MIT) သို့ တက်ရောက်ခဲ့ပြီး သတင်တန်းအမှတ် ၆ တွင် သိပ္ပံဘွဲ့နှင့် မဟာသိပ္ပံဘွဲ့များကို လျှပ်စစ်အင်ဂျင်နီယာနှင့် ကွန်ပျူတာသိပ္ပံဘာသာရပ်များဖြင့် ရရှိခဲ့သည်။ နောက်ထပ် ဘွဲ့တစ်ခုကို ၁၉၉၈ ခုနှစ်တွင် သင်္ချာဘာသာရပ်ဖြစ် သင်တန်းအမှတ် ၁၈ တွင် ရခဲ့သည်။[၁၁] သူသည် အထက်တန်းကျောင်းသားဘဝက အတန်း၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။[၁၂]

ခန်းသည် Harvard Business School မှ Master of Business Administration (MBA) ဘွဲ့ကိုလည်း ရရှိခဲ့သည်။[၁၃][၁၄][၁၅]

အသက်မွေးမှု[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ်တွင် PARC ၌ နွေရာသီအလုပ်သင်သင်တန်း ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်တွင်Connective Capital Management တွင် ရန်ပုံငွေစာရင်းစိစစ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။[၁၆][၁၇][၁၈]

ခန်းအကယ်ဒမီ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ခန်းအကယ်ဒမီ

Salman "Sal" Khan သည် သူ၏ ညီအစ်ကိုတစ်ဝမ်းကွဲတစ်ဦးကို အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်သည့် Yahoo Doodle Images ကိုအသုံးပြုကာ အင်တာနက်မှတစ်ဆင့် သင်္ချာဘာသာရပ်ကို သင်ကြားပေးချိန်ဖြစ်သည့် ၂၀၀၈ ခုနှစ်တွင် အဖွဲ့အစည်းကို စတင်ခဲ့သည်။ [၁၉]အနည်းငယ်ကြာပြီးနောက်တွင် ခန်း၏ အခြားတစ်ဝမ်းကွဲများသည်လည်း သူ၏ သင်ကြားသည့်ဝန်ဆောင်မှုကို အသုံးပြုရန် စတင်ခဲ့သည်။ ထိုကဲ့သို့ တောင်းဆိုချက်များကြောင့် ခန်းသည် သူ၏ ဗီဒီယိုများကို အင်တာနက်တွင် ကြည့်ရှုနိုင်စေရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။ သူသည် ယူကျု (Youtube) တွင် သူ၏ သင်ကြားထားသည်များကို တင်ခဲ့သည်။[၂၀] နောက်ပိုင်းတွင် သူသည် SmoothDraw ဟု ခေါ်သည့် ရေးသားသည့်အသုံးချဆော့ဝဲကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင် Wacom တက်ဘလက်ဖြင့် ArtRage ဆော့ဝဲတွင် ရေးသားမှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုဗီဒီယိုသင်ကြားပြသမှုများကို သူ၏ ကွန်ပျူတာတွင် သိမ်းထားခဲ့သည်။[၂၁]

အကောင်းမြင်သည့် တုံ့ပြန်မှုများသည် ခန်းအား ၂၀၀၉ ခုနှစ်တွင် အလုပ်မှ ထွက်စေခဲ့သည်။ အလုပ်ထွက်ကာ ခန်းသည် ပညာရေးဆိုင်ရာ သင်ကြားမှုဗီဒီယိုများကို အချိန်ပြည့်အာရုံစိုက်ကာ ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ထိုသင်ကြားမှုများကို Khan Academy အမည်ဖြင့် ထုတ်လွှင့်ပေးခဲ့သည်။[၂၂] Sal Khan က တည်ထောင်ခဲ့ပြီး Khan Academy နှင့် ချိတ်ဆက်ထားသည့် Khan Lab School ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View တွင် ဖွင့်လှစ်ခဲ့သည်။[၂၃] ၂၀၁၇ ခုနှစ် ဇွန်လတွင် ခန်းအကယ်ဒမီသည် ကောလိပ်ဘွဲ့ရများ၊ အလုပ်ရှာသူများနှင့် လူငယ်ကျွမ်းကျင်သူများအတွက် ကောလိပ်ငွေကြေးဆိုင်ရာစာပေဗီဒီယိုစီးရီးများကို တရားဝင်ထုတ်လွှင်ခဲ့သည်။

Schoolhouse.world[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ်တွင် ခန်းသည် Schoolhouse.world ကို စတင်ခဲ့သည်။ Schoolhouse.world သည် ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများကို အစုငယ်များဖွဲ့စည်းကာ အကျိုးအမြတ်မယူဘဲ အခမဲ့သင်ကြားပေးမည့် ဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဤဝန်ဆောင်မှု၌ ခန်းအကယ်ဒမီ၏ လုပ်ပုံလုပ်နည်းများကို အသုံးပြုထားပြီး အွန်လိုင်းဗီဒီယိုများကို စုစည်းထားရှိသည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ခန်းသည် ပါကစ္စတန်ရူပဗေဒပညာရှင်ဖြစ်သည့် Umaima Marvi နှင့် လက်ထပ်ခဲ့သည်။ အိမ်ထောင်သည်ဘဝကို သားသမမီးများဖြင့် ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View တွင် နေထိုင်လျက်ရှိသည်။[၂၄][၂၅][၂၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Number of videos၊ Khan Academy.
  2. 'From YouTube Pioneer Sal Khan, A School with Real Classrooms။ NPR။
  3. "Salman Khan – Time 100"၊ April 18, 2012။ 18 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 1 May 2013။ 
  4. $1 Trillion OpportunityForbes
  5. ၅.၀ ၅.၁ Salman Khan။ Biography.com။ 15 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2021 တွင် ပြန်စစ်ပြီး။
  6. Gear Views (July 11, 2015)။ Salman Khan's message: about bangla Khan Academy။ YouTube။
  7. Sengupta၊ Somini။ "Khan Academy Blends Its YouTube Approach With Classrooms"၊ December 4, 2011။ 
  8. Tension in an accelerating system and pie in the face။ 2020-06-30 တွင် ပြန်စစ်ပြီး။
  9. မော်ကွန်းတင်ပြီးမိတ္တူ။ 29 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2021 တွင် ပြန်စစ်ပြီး။
  10. Tan၊ Sarah။ "Khan Academy founder returns home as big name in U.S. school reform"၊ May 18, 2013။ 
  11. Solomon၊ Ethan A. (December 6, 2011)။ Sal Khan Is Commencement Speaker။ The Tech။ 9 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2021 တွင် ပြန်စစ်ပြီး။
  12. MIT's Next Commencement Speaker Sal Khan Compares His Alma Mater to Hogwarts။ Wired Academic (December 7, 2011)။ 26 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2021 တွင် ပြန်စစ်ပြီး။
  13. Kaplan၊ David A.။ "Innovation in Education: Bill Gates' favorite teacher"၊ Money၊ CNN၊ August 24, 2010။ 
  14. How Khan Academy Is Changing Education With Videos Made In A Closet – with Salman Khan။ Mixergy (June 28, 2010)။ August 26, 2010 တွင် ပြန်စစ်ပြီး။
  15. Sal Khan at Khan Academy။ LinkedIn။ 13 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2021 တွင် ပြန်စစ်ပြီး။
  16. Kowarski၊ Ilana (June 6, 2010)။ College 2.0: A Self-Appointed Teacher Runs a One-Man 'Academy' on YouTube – Technology – The Chronicle of Higher Education။ Chronicle။
  17. Colbert၊ Stephen (Host) (2011)။ The Colbert Report။ Colbert NationJune 30, 2012 တွင် ပြန်စစ်ပြီး
  18. Khan၊ Sal။ Sal Khan။ LinkedIn။ 13 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2021 တွင် ပြန်စစ်ပြီး။
  19. de Bertodano၊ Helena။ "Khan Academy: The man who wants to teach the world"၊ September 28, 2012။ 
  20. Dreifus၊ Claudia။ "Salman Khan Turned Family Tutoring Into Khan Academy"၊ The New York Times၊ January 27, 2014။ 
  21. Khan Academy: The future of education?60 MinutesCBS News။ March 11, 2012 – via YouTube
  22. Temple၊ James။ "Salman Khan, math master of the Internet"၊ SFgate၊ December 14, 2009။ 
  23. Westervelt၊ Eric။ "'A Bit of a Montessori 2.0': Khan Academy Opens A Lab School"၊ Here & Now၊ WBUR and NPR၊ January 5, 2016။ 
  24. "Education 2.0: The Khan Academy"၊ Dawn၊ April 26, 2011။ 
  25. Meet Sal Khan, Khan Academy။ jointventure.org။ August 28, 2015 တွင် ပြန်စစ်ပြီး။
  26. Sal Khan – EducatorBiography။ 13 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2021 တွင် ပြန်စစ်ပြီး။