မာတိကာသို့ ခုန်သွားရန်

ဆရာကောင်းတပည့် ပန်းကောင်းပန်

ဝီကီပီးဒီးယား မှ

ဆရာကောင်းတပည့် ပန်းကောင်းပန် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသည်မှာ ဆရာကောင်းတစ်ဦး၏ သင်ကြားပြသမှုနှင့် ဆုံးမသွန်သင်မှုများကို ခံယူရသော တပည့်သည် အရည်အချင်း ပြည့်ဝလာပြီး လူအများအလယ်တွင် ထင်ပေါ်ကျော်ကြား တင့်တယ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ဆရာနှင့် တပည့်တို့၏ ဆက်ဆံရေးနှင့် ဆရာ၏ အရေးပါမှုကို ဖော်ပြသည်။ ဆရာကောင်းတစ်ဦးသည် တပည့်များအား ပညာသာမက စာရိတ္တပိုင်းကိုပါ လမ်းညွှန်ပေးနိုင်သည်။ ထိုသို့ လမ်းညွှန်မှုကြောင့် တပည့်များသည် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာပြီး လူ့အဖွဲ့အစည်းတွင် အကျိုးပြုသောသူများ ဖြစ်လာနိုင်သည်။ ဤဆိုရိုးစကားသည် ကောင်းသောဆရာကို ရရှိခြင်းသည် တပည့်တစ်ဦးအတွက် မည်မျှ အရေးပါကြောင်းကို သွယ်ဝိုက်၍ သွန်သင်ထားသည်။ ပန်းကောင်းပန်ခြင်းသည် တင့်တယ်ခြင်း၊ ထင်ပေါ်ခြင်းကို ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားအတိုင်း ပထမကျော် တည်းဟူသော ဂုဏ်၊ ထွန်းရှိန်ဟူသော ကောင်းသည့် နာမပညတ်ကလေးကို အလွဲသုံးစားမလုပ်ဘဲ လိမ္မာယဉ်ကျေးစွာနှင့်…၊ []
  • ဆရာကောင်းတပည့် ပန်းကောင်းပန်ဟူသော စကားကဲ့သို့ တပည့်ကောင်း ပီသစွာ ခေါင်းဆောင်၍ ပွဲအမျိုးမျိုးတီးခဲ့ရာ၌…၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၀] ဂျာနယ်ကျော်။ ၁၁။ ကိုးကား အမှား - Invalid parameter "'journalkyaw11" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၂၄] တူရိယာ။ ၁၂။ ကိုးကား အမှား - Invalid parameter "'turiya12" in <ref> tag. The supported parameters are: dir, follow, group, name.