ဆယ်ရောင်ဝေ

ဝီကီပီးဒီးယား မှ

မြင်းခင်းတော်ဘွဲ့ကြိုး ၎င်းအလိုက်- သက်တန်ရေသောက်ဟန် ရွှေလှံအဲမောင်းရေး

ဆယ်ရောင်ဝေ[ပြင်ဆင်ရန်]

ဆယ်ရောင်ဝေ။ ပယ်မှောင်ချွေ။ အမရ မြန်ချာမြေ။ ။

ရေဝ ရေဝ ရေတ သာရွှန်း။ ဗိမာန်နန်းမြင့်သွန်းငယ်နှင့်လေး။ ။

လွှတ်ကွန်းဘွေညီလာလေတည့်မှ။ ရွေဝန်းကြယ်ရံကာ။ ။

ခွါပြာ၊ မာလာ၊ ဂန္ဓာကြိုင်သင်း။ ဂေါ်ဇင်ပင်မြင့်မင်းငယ်နှင့်လေး။ ။

မြင်းခင်းအောင်ဇေယျံလေတည့်မှ။ ပယ်ဝန်းစီးပုံဟန်။ ။

ရေသောက်သက်တန်။ ရွှေလှံချိန်နွှဲ။ မြင်သူအံ့မရဲသည်နှင့်။ နန်းပွဲသဘင်တော်လေတည့်မှ။ နန်းပွဲသဘင်တော်။


  • မြန်မာမင်းကောင်းမင်းမြတ်တို့ ရွှေလက်ထက်တော်၌ မြင်းခင်းပွဲသဘင်ကို ပြာသိုလ၌ ကျင်းပမြဲဖြစ်သည်။ ၎င်းပွဲ၌ အဲမောင်းရွှေလှံကိုင်နည်း ၃၇မျိုး။ မြင်းစီးနည်း ၃၇မျိုးကို ပြသကြသည်။ မြင်းကိုပယ်ဝန်းစီးလျှင်။ အဲမောင်းကို သက်တန်ရေသောက်ဟန်ကိုင်ရသည်။ သို့ကြောင့် ပယ်ဝန်းဆိုသည်မှာ မြေပြင်၌ မြင်းကိုလှည့်၍ စီးသောပုံတစ်မျိုးဖြစ်သည်။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/