မာတိကာသို့ ခုန်သွားရန်

ဆယ့်နှစ်ရာသီဖွဲ့ သဖြန်လေးဆစ်

ဝီကီပီးဒီးယား မှ

ဆယ့်နှစ်ရာသီဖွဲ့ သဖြန်လေးဆစ် ၁၂ပုဒ်ကို ဖိုးသူတော်ဦးမင်းက ရေးသားခဲ့သည်။

တန်ခူးလ

[ပြင်ဆင်ရန်]
ဟောင်းရွက်ညှာခါလှစ်လို့၊
တာသစ်ကယ်တဲ့ နံ့ကြိုင်၊
သုတ်ဖြူးလေဆော်က၊
ပန်းကံ့ကော် ဝတ်မှုံကျင်း၊
သင်းပျံ့လို့ လှိုင်၊
ကြယ်နှစ်ပြိုင်၊ စိတြငယ်နှင့်၊
ငွေလသော်တာတို့၊
ယုဂန်ချာ တောင်တော်စွန်းမှာ၊
ထွန်းထိန်လို့လင်း။

ကဆုန်လ

[ပြင်ဆင်ရန်]
စကားဝါငုံ သင်းလို့၊
ကြယ်မင်းတဲ့ ဝိသာခါ၊
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊
ထွန်းတဲ့ချိန်ခါ၊
စုံကန္တာ၊ ဟေမာမြိုင်ထဲ၊
ရွှေကျေး ပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။

နယုန်လ

[ပြင်ဆင်ရန်]
ရွှေစာတော် ပြန်မေးလို့၊
မြတ်လေးတဲ့ စံပယ်၊
မေထုန်ဆို ရာသီကူး၊
ပွင့်ဖူးဝတ်မှုံနံ့၊
သင်းပျံ့တော့တယ်၊
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံက၊
ဇေဋ္ဌရွှေကြယ်မင်းငယ်၊
လင်းတဲ့ချိန်ပ။

ဝါဆိုလ

[ပြင်ဆင်ရန်]
ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလို့၊
လဝန်းတဲ့ သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက၊
နှစ်ပါးရောင်ခြည်ဆိုက်၊
လင်းခိုက်မို့သာ၊
ရနံ့ငယ်ဖြာ၊
ညှာတံက ငုံဖူး၊
ပုန်းညက်ကယ်ခိုင်ပင်မင်းက၊
သင်းပျံ့ပျံ့ကြူး။

ဝါခေါင်လ

[ပြင်ဆင်ရန်]
ထက်အာကာ ဘုံစွန်းက၊
တောက်ထွန်းလို့ ထိန်ဝါ၊
သရဝဏ် ရွှေကြယ်မင်း၊
လင်းတဲ့ချိန်ခါ၊
လေညှင်းငယ်သာ၊ သိဟ်ရာသီခို၊
ရှတိုင်းငယ် ဘယ်ညာက၊
ပန်းခတ္တာ ဝတ်မှုံကျင်းတယ်၊
သင်းပျံ့လှိုင်လို့။

တော်သလင်းလ

[ပြင်ဆင်ရန်]
ကန်ရာသီ ချိန်တွင်းခို၊
ရွှေယင်းတဲ့ မာငုံ၊
မြိုင်ဟေမာ သာနန်းက၊
သုတ်ဖျန်းလေယူဖြင့်၊
သင်းပျံ့ပျံ့လုံ၊
တိမ်စွန်ဘုံ၊ ရောင်စုံလျှံပ၊
လမင်းသော်တာနှင့်၊
အဗဒ္ဒါဆို ရွှေကျီးငယ်၊
နီးသည့်ကာလ။

သီတင်းကျွတ်လ

[ပြင်ဆင်ရန်]
ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်၊
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူးမြင်းမိုရ်မီး၊
ညီးတဲ့ခါချိန်၊
ရှိခိုးငယ်နှိမ်၊
သုံးကြိုင်ရိုပျောင်း၊
သက္ကစ္စဂါရဝါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

တန်ဆောင်မုန်းလ

[ပြင်ဆင်ရန်]
လှူကထိန် သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်၊
သည်ချိန်ကို ဝတ်မှုံကြဲလို့၊
ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံဦး၊
ရွှေလစန္ဒာနှင့်၊
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊
ထွန်းထိန်လို့မြူး။

နတ်တော်လ

[ပြင်ဆင်ရန်]
ရှစ်ခွင်ကို မြူဆင်လို့၊
ငွေနှင်းတဲ့နုစို၊
ဂမုန်းသဇင်တို့၊
စုံခွင်မှာ လေချိုညှင်းက၊
သုတ်သွင်း ဘယ်ညာနှံ့၊
သင်းပျံ့ပျံ့ချို၊
ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား၊
ရွှေလစန္ဒီနှင့်၊
ဓိပထီရောင်ခြည်ဖျန်းတယ်၊
မြန်းတူကြွသွား။

ပြာသိုလ

[ပြင်ဆင်ရန်]
ငွေသော်တာ စန္ဒနှင့်၊
ဖုသျှတဲ့ လမ်းဆုံ၊
တိမ်လွှာမှာ ရွှေဝါကျင်းလို့၊
နှစ်မင်းတူပြိုင်ပ၊
မြန်းကြွခိုက်ကြုံ၊
ဘရက်ဂုဏ်၊ မြိုင်စုံမြနန်း၊
နုစိမ်းစိုစိုနှင့်၊
ပန်းခွာညို ငုံတံထူးတယ်၊
ဖူးပွင့်ချက်ဆန်း။

တပို့တွဲလ

[ပြင်ဆင်ရန်]
ရာသီချိန်ခါရောက်လို့၊
လဲပေါက်ကယ်ပွင့်ညီ၊
ရွှေဖီနံ့သာနှင့်၊
ခြောက်ရောင်ဝါ စေတီရင်းမှာလ၊
ဆယ်စင်းလက်စုံပူး၊
ဦးမြှောက်လို့ချီ၊
ငွေနှင်းရယ်စီ၊
သုံးလီသမယ၊
ယူဇနာမြင့်မြတ်ကယ် သင်္ချာနှင့်၊
ယုဂန်ညာတောင်တော်စွန်းမှာ၊
ထွန်းလိမ့်မာဃ။

တပေါင်းလ

[ပြင်ဆင်ရန်]
ပန်းရွှေဖီကြိုင်လျှောက်လို့၊
ပိတောက်ကယ်တဲ့သင်းချို၊
ဥတ္တရာဘရဂုဏ်က၊
တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊
တူမကွာထိန်ဝါလင်းတဲ့၊ ထွန်းတဲ့ခါကို၊
သောင်သဲငယ်မို၊ ရေညိုရစ်မို့၊
လေညှင်းဝယ်လာ၊
စုံဟေမာမြိုင်ထဲက၊ ဝမ်းပဲရွှေစင်ရော်ကို၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ - ခင်မျိုးချစ် နှင့် ဂျူနီယာဝင်း (ပထမအကြိမ် ed.)။ ၁၁၃၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတား ရန်ကုန်မြို့: ဒေါင်းစာပေ။ ဧပြီလ၊ ၂၀၀၄ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)