ဆမ္မဆန်

ဝီကီပီးဒီးယား မှ

ဆမ္မဆန် (ရှ့ဆုန်)၏ အကြောင်းကို ဓမ္မဟောင်းကျမ်း၊ တရားသူကြီးမှတ်စာ အခန်းတွင် ဖော်ပြပါရှိသည်။ အဇ္ဇရီယယ် (ဣတရေလ) လူမျိုးတို့၏ ရှေးရိုးပုံပြင်တွင် ဆမ္မဆန်မှာ အလွန်ခွန်အားဗလကြီးသော သူရဲကောင်းအဖြစ် ထင်ရှားလေ သည်။ ထိုအခါက အဇ္ဇရီယယ်လူမျိုးတို့မှာ ဖိလစ္စတင်း(ဖိလိတ္တိ) လူမျိုးတို့၏ လက်အောက်တွင်ရှိသည်။ ဆမ္မဆန်သည် မိမိ၏ အမျိုးသားများဖြစ်သော အဇ္ဇရီယယ်လူမျိုးအား ဖိလစ္စတင်း လူမျိုးတို့၏ လက်တွင်းမှ ကယ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ အနောက်တိုင်းစာပေနှင့် စကားပုံများတွင် ဆမ္မဆန်၏ ခွန်အား နှင့် ဒလိုင်းလား၏ သစ္စာမဲ့ပုံများကို တင်စား၍ မကြာခဏ ထည့်သွင်းဖော်ပြလေ့ရှိ၏။

ဆမ္မဆန်သည် မိမိနှင့်ရည်ငံနေသော ဖိလစ္စတင်းအမျိုး သမီးထံသို့အသွားတွင် လမ်း၌ ခြင်္သေ့တစ်ကောင်နှင့် တွေ့၍ ထိုသားရဲကို လက်ချည်းသက်သက်ဖြင့် သတ်ဖြတ်ခဲ့၏။ တစ်ခါ သော်၊ ဆမ္မဆန်သည် မြေခွေး ၃ဝဝ ကိုဖမ်း၍၊ အမြီးဖျားတွင် မီးတုတ်ချည်လျက် ဖိလစ္စတင်းလူမျိုးတို့၏ လယ်ယာများကို မီးရှို့ဖျက်ဆီးပစ်လေ သည်။ ဖိလစ္စတင်းတို့လည်း ဆမ္မဆန်၏ ဇနီးနှင့်တကွ အိမ်သူအိမ်သားများကို သတ်၍လက်စားချေကြ ၏။ ထိုအခါ ဆမ္မဆန်သည် မြည်းမေးရိုးတစ်ချောင်းဖြင့် ဖိလစ္စ တင်းအမျိုးသားတစ်ယောက်ကို ရိုက်သတ်လေသည်။ တစ်ဖန် ဆမ္မဆန်သည် ဒလိုင်းလား (ဒေလိလ)အမည်ရှိ သော ဖိလစ္စတင်းအမျိုးသမီးတစ်ဦးနှင့် ရည်ငံပြန်၏။ ထိုမိန်းမ သည် ဆမ္မဆန်၏ ကြီးမားသော ခွန်အားသည် သူ၏ဆံပင်၌ တည်ရှိကြောင်းကို သိရသဖြင့် သူအိပ် ပျော်နေခိုက် ဆံပင်ကို ရိတ်ပစ်လေသည်။ ထိုအခါ ဖိလစ္စတင်းလူမျိုးတို့သည် ဆမ္မဆန် အားဖမ်းဆီးနိုင်ကြ၍ မျက်လုံးအစုံကို ဖောက်ပြီးလျှင် ထောင် သွင်းအကျဉ်းချထားကြလေသည်။

ဖိလစ္စတင်းလူမျိုးတို့၏ ဒေးဂုန်နတ်ပွဲနေ့တွင် ဆမ္မဆန်ကို ဘုရားကျောင်းထဲသို့ ခေါ်ဆောင်ခဲ့ကြလေသည်။ ဆမ္မဆန်တွင် ဆံပင်များ ပြန်၍ပေါက်လာပြီဖြစ်ရာ၊ ခွန်အားလည်းပြန်၍ ပြည့် လာပြီဖြစ်၏။ ဘုရားကျောင်းထဲတွင် ဖိလစ္စတင်းမင်းများနှင့် ဧည့်ပရိသတ်တို့ဖြင့် ပြည့်လျက်ရှိသည်။ ဆမ္မဆန်လည်း ဘုရား ကျောင်းတိုင်နှစ်ခုကို မှီလျက်ရပ်န၏။ ထိုနောက် ဆမ္မဆန်သည် အားကုန်သွန်၍ ထိုတိုင်များကိုတွန်းလှဲဖြိုဖျက်လိုက်ရာ၊ ကျောင်း အဆောက်အအုံ ပြိုပျက်ပိကျ၍ သူနှင့်တကွ ဖိလစ္စတင်းလူမျိုး မြောက်မြားစွာတို့ သေကြေပျက်စီးကုန်၏။

ကဗျာစာဆိုကျော် ဂျွန် မီလတန်က ဆမ္မဆန်အကြောင်းကို ကဗျာဖွဲ့ဆိုခဲ့၏။ တေးသံစုံဇာတ်နှင့် ရုပ်ရှင်ကားများဖြင့်လည်း ဆမ္မဆန်နှင့် ဒလိုင်းလားအကြောင်းကို သရုပ်ဖော်ပြခဲ့ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)