ဆပင်စာ ဟားဗတ်

ဝီကီပီးဒီးယား မှ
ဆပင်စာ ဟားဗတ်

ဟားဗတ် ဆပင်စာသည် အင်္ဂလိပ်လူမျိုး ယထယဘူတ ပညာရှင်တစ်ဦးဖြစ်၍၊ ၁၈၂ဝ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့၌ အင်္ဂလန်ပြည် ဒါဗီမြို့တွင် မွေးဖွားသည်။ သူ၏ ဖခင်မှာ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူသည် ထုံးထမ်းစဉ် လာတို့ကို လိုက်နာလက်ခံသူ မဟုတ်ချေ။ ထို့ကြောင့် ဖခင် ဖြစ်သူ၏ သွန်သင်မှုကိုခံယူခဲ့သော ဆပင်စာမှာ အတွေးအခေါ် အမြေ|ာ်အမြင်ကြီး သူတစ်ယောက်ဖြစ်လာလေသည်။ သူသည် ဓမ္မတာအလျှောက် အဆင့်ဆင့် ဖွံ့ဖြိုးကြီးပွားလာခြင်းနှင့် ပြောင်းလဲမှုများကိုသာ တွေးခေါ်ကြံဆနေတတ်သူဖြစ်သည်။ သူ့ခေတ်တွင် ထွန်းကားလျက်ရှိသော သိပ္ပံပညာဆိုင်ရာ အတွေ့ သစ်များကို မှီငြမ်းပြုလျက် ဘာသာရပ်များအားလုံးတွင် အသုံးပြုနိုင်မည့် ယထာဘူတ ပညာတစ်ရပ်ကို ဖော်ထုတ်ရန် အထူးကြိုးစားခဲ့ခြင်းကြောင့်လည်း ကျော်ကြားခဲ့ပေသည်။ ဆပင်စာသည် ၁၈၃၇ ခုနှစ်မှ ၁၈၄၆ ခုနှစ်အထိ လန်ဒနှ်င့် ဗာမင်ဂမ်မီးရထားကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့ပြီးနောက်၊ ထိုအလုပ်ကိုစွန်လွှတ်၍၊ 'စီပွားရေး' သတင်းစာတွင် လက်ထောက် စာတည်းအဖြစ်ဖြင့် ၁၈၄၈ ခုနှစ်မှ ၁၈၅၃ခုနှစ်အထိ လုပ်ကိုင်ယင်း စာပေပညာရပ် အမျိုးမျိုးတို့ကို လေ့လာလိုက်စားခဲ့သည်။ သူသည် သိပ္ပံပညာ၊ ယထာဘူတပညာတို့နှင့် သက်ဆိုင်သော အကြောင်းရပ်များစွာ ကို ရေးသားထုတ်ဝေခဲ့လေသည်။ ၁၈၆ဝ ပြည့်နှစ်တွင် သူ၏ 'သမ္ဘာရ ယထာဘူတပညာရပ်'ဆိုင်ရာ စာစဉ်များကို စတင် ထုတ်ဝေလိုက်၏။ အထင်ရှားဆုံးသော စာစဉ်များမှာ 'ရှေးဦး အခြေခံ သဘောတရားများ'၊ 'ဇီဝဗေဒအခြေခံသဘောတရား များ'၊ 'စိတ်ပညာအခြေခံသဘောတရားများ'၊ 'လူမှုရေးရာ အခြေခံသဘော တရားများ'နှင့် 'လူ့ကျင့်ဝတ်အခြေခံ သဘော တရားများ' စသည်တို့ ဖြစ်ကြသည်။ ဆပင်စာသည် ၁၉ဝ၃ ခုနှစ် ဒီဇင်္ဘာလ (ဂ) ရက်နေ့တွင် ဗရိုက်တန်မြို့၌ ကွယ်လွန် လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)