ဆန်းနယူးဂျိ
ဆန်းနယူးဂျိ (泉涌寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဟိဂရှိယာမရပ်ကွက်တွင် တည်ရှိသည့် ရှင်းဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၁] ဤကျောင်းတော်သည် ရာစုနှစ်များစွာ တော်ဝင်မိသားစုဝင်များနှင့် နန်းတော်သူနန်းတော်သားများ၏ ဂူသင်္ချိုင်းဖြစ်ခဲ့သည်။ ကျောင်းတော်မြေနေရာတွင် ဘုရင်ရှိဂျော (Shijo) ၏ အုတ်ဂူလည်း တည်ရှိသည်။[၂] သူသေဆုံးပြီးနောက်တွင်လည်း အခြားသော ဘုရင်များကို ဤကျောင်းမြေနေရာတွင်ပင် မြှုပ်နှံခဲ့ကြသည်။[၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟဲအိအန်ခေတ်ကာအစောပိုင်းတွင် ဆန်းနယူးဂျိကို တည်ထောင်ခဲ့သည်။[၃] အခြားသောအစဉ်အလာသမိုင်းကြောင်းတစ်ခုတွင် ကျောင်းတော်ကို ၈၅၅ ခုနှစ်တွင် ဆန်းယူးဂျိ (仙遊寺) အဖြစ် Fujiwara no Otsugu က တည်ထောင်ခဲ့သည်။[၄] အခြားသော အစဉ်အလာတစ်ခုတွင် ဤကျောင်းတော်သည် အခြားပိုမိုရှေးကျသည့် ကျောင်းတော်တစ်ခုဖြစ်သည့် ဟိုးရင်းဂျိ (法輪寺) ကျောင်းတော်ကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဟိုးရင်းဂျိသည် တန်းချောခေတ်ကာလ (၈၂၄ - ၈၃၄) တွင် ခိုးဘိုးဒိုင်းရှိ က တည်ထောင်ခဲ့သည့် ကျောင်းလည်း ဖြစ်သည်။ [၄]ကျောင်းတော်ရှိ ပင်မအဆောက်အဦးများကို ၁၃ ရာစုအစောပိုင်းကာလတွင် ရဟန်းတော် ဆွတ်ခိနိုဝရွှန်းဂျော က ပြန်လည်တည်ဆောက်ခြင်းနှင့် တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်။ ၁၂၁၈ ခုနှစ်တွင် ဘုန်းတော်ကြီး ရွှန်းဂျောသည် ကျောင်းတော်ကို တိုးချဲ့ခဲ့ပြီး ကျောင်းတော်ရှိ ကြီးမားသည့်အဆောက်အဦများကို ဆွန်မင်းဆက်ခေတ်ကာလ တရုတ်ပုံစံ တည်ဆောက်ခဲ့သည်။ ရဟန်းတော်ရွှန်းဂျောသည် ဆွန်မင်းဆက်ကာလတွင် ဗုဒ္ဓဘာသာကို သင်ယူလေ့လာရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။[၅][၅]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Senyū-ji website (in ဂျပန်)
ကိုဩဒိနိတ်: 34°58′41″N 135°46′50″E / 34.97806°N 135.78056°E
ကိုးကား
[ပြင်ဆင်ရန်]- ↑ Sennyu-ji။ 2011-07-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Ponsonby-Fane 1959, p. 422.
- ↑ ၃.၀ ၃.၁ Ponsonby-Fane 1956, p. 113.
- ↑ ၄.၀ ၄.၁ You must specify title = and url = when using {{cite web}}. (in Japanese)။ Sennyū-ji။ 8 December 2017 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Sennyu-ji Temple။