ဆန်းဒျူးပင်

ဝီကီပီးဒီးယား မှ
ဆန်းဒျူးပင်
Drosera spatulata KansaiHabit.jpg
en:Drosera tokaiensis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Droseraceae
မျိုးစု: Drosera
L.
Subgenera
Synonyms
  • Adenopa Raf.
  • Dismophyla Raf.
  • Drossera Gled.
  • Esera Neck.
  • Filicirna Raf.
  • Freatulina Chrtek & Slavíková
  • Rorella Hill
  • Rossolis Adans.

ဆန်းဒျူးပင်သည် 'ဒရော့ဆီရာ'မျိုးစုတွင် ပါဝင်သည်။ ထိုမျိုးစုတွင် မျိုးစိတ်ပေါင်း ၉ဝ ရှိသည်။ မြောက်အမေရိက တိုက်တွင် ထိုအပင်မျိုးစိတ် ၄ မျိုးရှိ၍၊ ဥရောပတိုက်တွင် ၃ မျိုးခန့်ရှိသည်။ အားလုံးသော မျိုးစိတ်များမှာ ပိုးမွှားစားပင်မျိုး ဖြစ်ကြသည်။ ပိုးမွှားများကို ရွက်လွှာပေါ်ရှိ အမျှင်အင်္ဂါဖြင့် ဖမ်းယူသည်။ ဖမ်းယူပုံမှာ ဤသို့ဖြစ်သည်။ ရွက်လွှာများမှာ ရွက်ဝိုင်းကလေးများဖြစ်သည်။ ရွက်လွှာ၏ အပေါ်ယံတွင် အမျှင်အင်္ဂါများရှိသည်။ ထိုအမျှင်အင်္ဂါများ၏ အဖျားတွင်း အစေးရှိ၍၊ နေရောင်အောက်တွင် အမြဲပြောင်လက်နေသည်။ ပိုးမွှားကောင်များသည် နေရောင်အောက်တွင် တလက်လက် တောက်နေသော ဆန်းဒျူးရွက်လွှာများကို မျက်စိကျမိသည်။ ထိုကြောင့် အနီးသို့ပျံသန်းလာကြ၍၊ အစေးပေါ်တွင် နားကြ သည်။ ဝတ်ရည်များကို လောဘကြီးစွာ စုတ်ယူရန် ဟန်ပြင်ကြ သည်။ သို့ရာတွင် အမျှင်အင်္ဂါများသည် ပိုးမွှားကောင်၏ ထိ ခိုက်မှုကြောင့် ကွေးညွတ်လာပြီးလျှင် ပိုးမွှား၏ ကိုယ်အင်္ဂါနှင့် ခြေလက်များကို ဖိည|ပ် လိုက်ကြသည်။ ထိုအခါ၌ ပိုးမွှားသည် မလှုပ်မရှားနိုင်တော့ဘဲ၊ ညပ်၍မိနေတော့သည်။ လွတ်အောင် ရုန်းသော်လည်း ပို၍သာတင်းကြပ်လာပြီးလျှင် နောက်ဆုံးတွင် ပိုးမွှားမှာ ထိုနေရာ၌ပင် အသက်ပျောက်တော့သည်။

ပိုးမွှားသည် အသက်မပျောက်မီ ရုန်းကန်သောအခါ ရွက် လွှာအတွင်းမှ အရည်များထွက်လာသည်။ ထိုအရည်သည် ပိုး မွှားကောင်ကို ချေဖျက်သည်။ ထိုနောက်ရွက်လွှာက ကြေပျက် နေသော အစာကို စုတ်ယူသည်။ ဤနည်းဖြင့် ဆန်းဒျူးပင် သည် ပိုးမွှားများကိုစားသည်။ ယင်းသို့စားပြီးသောအခါ အမျှင် အင်္ဂါများသည် အပေါ်သို့ မတ်ထောင်လာ၍၊ နောက်တစ်ဖန် ပိုးမွှားတစ်ကောင်ကို ချေဖျက်ရန် အသင့်စောင့်နေပြန်သည်။ ပိုးမွှားသေများ၌ ပရိုတင်းရှိခြင်းကြောင့် ဆန်းဒျူးပင်တို့ သည် နိုက်ထရိုဂျင်ကို အများအပြားရနိုင်သည်။ နိုက်ထရိုဂျင်မှာ ပိုးမွှားစားပင်များအတွက် အရေးကြီးဆုံးဖြစ်၏။

ရွက်လွှာတစ်ခုပေါ်တွင် အမျှင်ပေါင်း ၂ဝဝ နီးပါးမျှရှိ၏။ ပေါ်တူဂီနိုင်ငံတွင် ဆန်းဒျူးပင်၏ အမျိုးအနွယ်ဖြစ်သော ပိုးမွှား စားပင် တစ်မျိုးရှိသည်။ ကျေးရွာများတွင် ကျေးတောသားများ သည် ပိုးမွှားများဘေးမှ ကာကွယ်ရန်အတွက် ထိုအပင်မှ အကိုင်းအခက်များကို တဲအိမ်များတွင် ချိတ်ဆွဲထားလေ့ရှိကြ သည်။

အင်္ဂလန်ပြည်တွင် မျိုးစိတ် ၃ မျိုးကို တွေ့ရသည်။ ယင်း တို့မှာ ရွက်ဝိုင်းမျိုး၊ ရွက်ရှည်မျိုး၊ အင်္ဂလိပ်ဆန်းဒျူးမျိုးများဖြစ် ကြသည်။ ထိုအပင်များသည် စိုစွတ်သော မြေရိုင်းကွင်းပြင်များ တွင် ပေါက်ရောက်လေ့ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)