မာတိကာသို့ ခုန်သွားရန်

ဆန်ဒဟိရုစေတီတော်

ဝီကီပီးဒီးယား မှ
ဆန်ဒဟိရုစေတီတော်
සදහිරු සෑය
ဆန်ဒဟိရုစေတီတော် သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
ဆန်ဒဟိရုစေတီတော်
Location in Sri Lanka
အချက်အလက်များ
ကိုဩဒိနိတ်8°20′18.2″N 80°23′38.5″E / 8.338389°N 80.394028°E / 8.338389; 80.394028ကိုဩဒိနိတ်: 8°20′18.2″N 80°23′38.5″E / 8.338389°N 80.394028°E / 8.338389; 80.394028
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
နိုင်ငံSri Lanka
ဗိသုကာ
တည်ထောင်သူMahinda Rajapaksa
ပြီးစီး2021
အသေးစိတ်
အမြင့်86

ဆန်ဒဟိရုစေတီတော် သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဓမြို့တွင် တည်ရှိသည့် ဒုတိယအကြီးဆုံး အမိုးခုံးပုံစံစေတီတော်ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]

စေတီတော်ကို ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ပြည်တွင်းစစ်၌ ကျဆုံးခဲ့ရသည့် သီရိလင်္ကာတပ်မတော်၏ သူရဲကောင်းများအတွက် အမှတ်တရအနေဖြင့် တည်ခဲ့သည်။[]

အောက်ခြေကျောက်ပန္နက်ကို သမ္မတ Mahinda Rajapaksa က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်။[] ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ် Mahinda Rajapaksa နှင့် သမ္မတ Gotabaya Rajapaksa တို့က စေတီတော်ကို ပြီးစီး၍ ဖွင့်လှစ်ခဲ့သည်။[]

ဤစေတီတော်သည် အေဒီ ၃၀၁ တွင် အနုရာဒပူရ၏ ဘုရင် Mahasen တည်ခဲ့သည့် Jethavanaramaya စေတီတော်ပြီးပါက သီရိလင်္ကာတွင် အကြီးဆုံးစေတီတော် ဖြစ်သည်။ စေတီတော်၏ တည်ဆောက်မှုများကို ရေတပ်၊ လေတပ်၊ ရဲနှင့် ပြည်သူ့ကာကွယ်ရေးဌာနများမှ လူအင်အားရာချီက ထောက်ပံ့ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။ စေတီတော်သည် အမြင့် ၈၆.၁ မီတာ (၂၈၂.၅ ပေ)၊ အဝန်းသည် ၂၄၀ မီတာ (၈၀၀ ပေ) ရှိသည်။ စေတီတော်တွင် ကပိလဝတ်ပြည်မှ ဓာတ်တော်များကို ဌာပနာထားရှိသည်။ စေတီတော်တွင် ထားရှိသည့် စိန်ဖူးတော်၏ အမြင့်သည် ၁.၁ မီတာ (၃.၅ ပေ) ရှိသည်။ စေတီတော်တွင် စိန်တုံးများ ၁၈၉၅ တုံးနှင့်အတူ ရွှေများနှင့် ပုလဲများကို မြှုပ်နှံကာ တည်ထားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Gigantic ‘Sanda Hiru Seya’ Offered to Maha Sangha Immortalizing Memories of ‘Ranaviru’ Sacrifices 2021-11-24 တွင် ပြန်စစ်ပြီး။
  2. 1 2 Sandahiru Seya in Anuradhapura unveiled for the worship of devotees 24 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-11-24 တွင် ပြန်စစ်ပြီး။
  3. President, PM to unveil Sandahiru Seya for devotees 2021-11-24 တွင် ပြန်စစ်ပြီး။