ဆန်ဆော်ဆီနန်းတော်

ဝီကီပီးဒီးယား မှ
အမျိုးသားသမိုင်းဥယျာဉ် - ရဲတိုက် ၊ ဆန်ဆော်ဆီ နှင့် ရာမီရာ အဆောက်အဦးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဟေတီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv, vi
ကိုးကား ၁၈၀
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
ဆန်ဆော်ဆီနန်းတော်၊ အမျိုးသား သမိုင်း ဥယျာဉ် ၊ ဟေတီ

ဆန်ဆော်ဆီနန်းတော် သည် ဟေတီနိုင်ငံ နော့ဒ်ပြည်နယ် မေးလော့မြို့တွင် တည်ရှိသော နန်းတော် တစ်ခု ဖြစ်ပြီး လာဖဲရီရာ ရဲတိုက် ၏ အရှေ့မြောက်ဘက် ၃.၁မိုင် (၅ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိပြီး ပင်လယ်အော် သုံးခု ထိန်းသိမ်းရေး ဒေသ၏ အနောက်တောင်ဘက် ၈.၁ မိုင် (၁၃ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိသည်။

ထိုနန်းတော်သည် ဟေတီ ပထမ ဟင်နရီဘုရင် (ဟေတီတွင် ဟင်နရီ ခရစ်စတော့ဖ် ဟု လူသိများသည်) ၊ ဘုရင်မ မေရီလူးဝစ် နှင့် သူတို့၏ သမီးနှစ်ဦး နေထိုင်ရာ တော်ဝင် စံအိမ် ဖြစ်သည်။ ထို နန်းတော်သည် ဘုရင်တည်ဆောက်ခဲ့သော နန်းတော် ကိုးခု အပြင် စံအိမ် ၁၅ ခု၊ များပြားလှသော ခံတပ်များ နှင့် သူ၏ စိုက်ခင်း ၂၀ ပေါ်တွင် ဖြန့်ကျက်တည်ရှိနေသော နွေရာသီ စံအိမ်များတွင် အရေးအပါဆုံး ဖြစ်သည်။ [၁] ထိုနန်းတော်အား ၁၈၁၀ တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၁၃ ခုနှစ် တွင် ပြီးစီးခဲ့သည်။ ပြင်သစ်ဘာသာဖြင့် အားလုံးကို ပူပန်စရာမလို ဟု အဓိပ္ပာယ်ရသည်။ အနီးဆုံး လေဆိပ်နှင့် အကြီးဆုံး မြို့မှာ ကက်ပ်ဟေရှန်မြို့ ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Cheesman၊ Clive (2007)။ The Armorial of Haiti: Symbols of Nobility in the Reign of Henri Christophe။ London: The College of Arms။