ဆန်စက္ကူ

ဝီကီပီးဒီးယား မှ

ဆန်စက္ကူ[ပြင်ဆင်ရန်]

ဆန်စက္ကူသည် စင်စစ်အားဖြင့် ဆန်မှပြုလုပ်ယူသော စက္ကူမဟုတ်ပေ။ ဖော်မိုဆားကျွန်းတွင် အလေ့ကျပေါက်သော တကြက်ပနက် ပက်ပီရီဖာပင်၏ အူမှ ပြုလုပ်ယူသော စက္ကူသာလျှင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပေါက်သည့် အက်စခိနော မီနီပင်မှလည်း ဆန်စက္ကူလုပ်ယူနိုင်သေးသည်။


ဆန်စက္ကူပင်သည် 'အရေးလီယေးစီးအီး'မျိုးရင်းဝင် ချုံပင်မျိုးဖြစ်သည်။ ၈ ပေမှ ၁၅ ပေထိမြင့်သည်။ ထိုအပင်၌ အမွေးနုများရှိသောရွက်ခြားလက် အရွက်ကြီးများပေါက်သည်။ အစိမ်းရောင် ပန်းပွင့်များသည် အခိုင်လိုက် ငိုက်လျက်ပွင့်ကြသည်။ ဆန်စက္ကူ ပြုလုပ်ရာတွင် ဆန်စက္ကူပင်၏ အခေါက်နှင့် အပြင်အသားကိုခွဲ၍ အလယ်အူကို ထုတ်ယူရ လေသည်။ စက္ကူ ပြုလုပ်သောအခါ၊ ဓားထက်ထက်ဖြင့် အူကို ကျွမ်းကျင်စွာလွှာယူရသည်။ အလွှာများရသောအခါ ယင်းတို့ကိုလိုသလိုအရောင် ဆိုးပေးကြသည်။ ထိုနောက် မာသည့်မျက်နှာပြင် ချောချော ပေါ်တွင်တင်၍၊ ဖိအားကြီးကြီးနှင့် ဖိပေးရသည်။ ထိုနောက် အရွယ်ကို လိုသလို ဖြတ်ယူကြသည်။


ဆန်စက္ကူကို ပန်းလုပ်ရာတွင်ဖြစ်စေ၊ ပန်းချီကား ရေးရာတွင်ဖြစ်စေ အသုံးပြုကြသည်။ ထိုပြင် နေကာဦးထုပ်များလုပ်ရာတွင်လည်း အနည်းအကျဉ်း အသုံးပြုကြသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)