ဆန်ကွဲပန်းပင်

ဝီကီပီးဒီးယား မှ

ဆန်ကွဲပန်းပင်ဆိုရာ၌ အင်္ဂလိပ်လို 'ကန်ဒီတပ်'ပင်ကို ဆိုလိုသည်။ ဤပန်းပင်မျိုးသည် 'ကရူစီဖာရီး'မျိုးစဉ်တွင် ပါဝင်သည်။ ဥယျာဉ်စိုက်ပန်းပင်တစ်မျိုးဖြစ်၍ အဖြူ၊ အပြာနှင့် အနီရောင်အပွင့်များ ပွင့်သည်။ များသောအားဖြင့် အပင်ပုများ ဖြစ်၍၊ ၂ ပေခန့်မြင့်သည်။ ဥရောပတိုက်တောင်ပိုင်းနှင့် အာရှ တိုက်အနောက်ပိုင်းဒေသများတွင် အလေ့ကျပေါက်သည်။ မြန်မာနိုင်ငံ၌လည်း ထိုပန်းပင်မျိုးရှိသည်။ ထိုပန်းမျိုးများကို သာမန်ဥယျာဉ်မြေပေါ်တွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် လောင်းရိပ်မရှိရန် အထူးဂရုပြုရသည်။ အပေါများဆုံး အမျိုး အစားမှာ 'အိုက်ဗီးရစ် အမ်ဗလေးတာ'ဖြစ်၍၊ ဥရောပတိုက် တောင်ပိုင်းဒေသတွင် ပေါက်ရောက်သည်။ အမျိုးကိုလိုက်၍ အရောင်အမျိုးမျိုး ပွင့်သည်။ အခြားတစ်မျိုးမှာ 'အိုက်ဗီးရစ် အမ္မရာ'ဖြစ်၍ အဖြူပွင့်များ ပွင့်ပြီးလျှင်၊ ပွင့်ခိုင်များမှာ လက် ချောင်းပုံသဏ္ဌာန်ရှိသည်။ အထက်ပါ ပန်း ၂ မျိုးစလုံးပင် တစ်နှစ်ခံပင်များ ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)