ဆနုခိဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
ဆနုခိဗုဒ္ဓရုပ်ပွားတော်
佐貫石仏
Sanuki Sekibutsu
ဆနုခိဗုဒ္ဓရုပ်ပွားတော် သည် Tochigi Prefecture တွင် တည်ရှိသည်
ဆနုခိဗုဒ္ဓရုပ်ပွားတော်
Sanuki Sekibutsu
ဆနုခိဗုဒ္ဓရုပ်ပွားတော် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဆနုခိဗုဒ္ဓရုပ်ပွားတော်
ဆနုခိဗုဒ္ဓရုပ်ပွားတော် (ဂျပန်နိုင်ငံ)
တည်နေရာShioya, Tochigi, Japan
ဒေသKantō region
ကိုဩဒိနိတ်36°45′00.8″N 139°48′00.8″E / 36.750222°N 139.800222°E / 36.750222; 139.800222
ဆိုဒ်မှတ်ချက်များ
အများပြည်သူ ဝင်ရောက်ခွင့်Yes

ဆနုခိဗုဒ္ဓရုပ်ပွားတော် သည် ဂျပန်နိုင်ငံ၊ ခန်တိုးဒေသမြောက်ပိုင်း၊ တိုချိဂိစီရင်စု၊ ရှိအိုယမြို့တွင် တည်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်ကို ၁၉၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ သမိုင်းဝင်နယ်မြေစာရင်းတွင် ထည့်သွင်းခဲ့သည်။[၁]

အကျဉ်းချုပ်[ပြင်ဆင်ရန်]

ဤရုပ်ပွားတော်သည် ကျောက်သားမျက်နှာပြင်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ရေးခြစ်ထွင်းထုထားသည်။ ၎င်းနေရာသည် ခိနုမြစ်အထက်ပိုင်းတွင် ဖြစ်ပြီး မြစ်၏ လက်ဝဲဘက်ကမ်းခြေတွင် တည်ရှိသည်။ ရုပ်ပွားတော်သည် အထက်ဘက်ဆုံးရှိ ဦးထိပ်မှသည် အောက်ဘက်ဆုံးရှိ ကြာပွင့်ပလ္လင်အထိ အမြင့် ၁၈.၂ မီတာ ရှိသည်။ မျက်နှာတော်သည် အကျယ် ၁.၆ မီတာခန့်နှင့် အရှည် ၃ မီတာ ခန့် ရှိသည်။ အောက်ခြေရှိ ကြာပလ္လင်သည် ကြာပွင့်ရှစ်ခုဖြင့် ထွင်းထုထားသည်။ ရုပ်ပွားတော်သည် အချိန်ကာလ ရှည်ကြာစွာ ရာသီဥတုဒဏ်၊ တိုက်စားမှုဒဏ် စသည်တို့ကြောင့် မှေးမှိန်လျက်ရှိသည်။ သို့သော်လည်း ထွင်းထုထားသည့် လိုင်းကြောင်း၏ အထူသည် ၄.၅ စင်တီမီတာမှသည် ၆.၁ စင်တီမီတာ အထိ ရှိသည်။

နာရခေတ် မှသည် ဟဲနန်ခေတ်နှင့် ကမာကူရခေတ်ကာတိုင်အောင် ဤဗုဒ္ဓရုပ်ပွားတော် ထွင်းထုထားမှုနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိနေသည်။ ရုပ်ပွားတော်၏ ပုံသဏ္ဌာန်ကို ကြည့်ကာ အနုပညာဆိုင်ရာသမိုင်းပညာရှင်တို့က ဟဲနန်ခေတ်နောက်ပိုင်းမှသည် ကမာကူရခေတ်အစောပိုင်းက ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ဒေသခံတို့က ရှေးရိုးပြောစကာများတွင် ၎င်းကို အေဒီ ၈၀၇တွင် ရှိခိုခု၏ ဆနုခိစီရင်စုအုပ်ချုပ်သူဖြစ်သည့် ဖုဂျိဝရနို တိုမိတဒ က မေတ္တာရပ်ခံမှုကြောင့် အမည်ကျော်ကြားသည် ခိုးဘိုးဒိုင်းရှိက တစ်ညတည်း ရုပ်ပွားတော်ကို ထုလုပ်ခဲ့သည်။ ထိုကဲ့သို့ ရုပ်ပွားတော် ပြုလုပ်ခဲ့သည့်အချိန်မှာ ခိုးဘိုးဒိုင်းရှိသည် တရုတ်နိုင်ငံ တန်မင်းဆက်ခေတ်ကာလမှ ပြန်လာပြီးနောက် မကြာမီအချိန် ဖြစ်သည်။ ထိုကဲ့သို့သော ယူဆယုံကြည်ချက်များနှင့် ပတ်သက်၍ သက်သေပြသရန်မှာမူ မရှိပေ။

ရုပ်ပွားတော် ထွင်းထုထားသည့် တောင်ကို ကန်နွန်အိဝ (観音岩) ဟု ခေါ်သည်။ ၎င်းတောင်တွင် ဗောဓိသတ္တရုပ်ပွားတော်တစ်ခုကို ရှိသည့် ဂူတစ်ခုလည်း ရှိနေသည်။ ဗောဓိသတ္တရုပ်ပွားတော်သည် ဗုဒ္ဓဘာသာအဆောက်အဦများတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်လေ့ ရှိသည်။ သို့သော်လည်း ထိုကျောင်းတော်သည် မဲဂျိခေတ်ကာလ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် အဖျက်ဆီး ခံခဲ့ရပြီး ထွင်းထုမှုများသည်လည်း စွန့်ပယ်ခြင်း ခံခဲ့ရသည်။ ဂူကျောင်းတော်ကို ၂၀၁၅ ခုနှ်စတွင် ဖွင့်လှစ်ခဲ့သည်။ ဤသည်မှာ နှစ်ပေါင်း ၁၃၆ နှစ်ကြာသည့်ကာလတွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

ရုပ်ပွားတော်သို့ တိုဟိုခုရှင်ခန်ဆန်ရထားကို စီးကာ အုဆုနိုမိယကားဂိတ်မှတစ်ဆင့် ဘတ်စကားစီးကာ သွားရောက်နိုင်သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. 佐貫石仏 (in Japanese)။ Agency for Cultural Affairs။ August 31, 2020 တွင် ပြန်စစ်ပြီး။