ဆတ်မဟာပရက်ဆဒါ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 7°56′53″N 81°00′07″E / 7.94795°N 81.00185°E / 7.94795; 81.00185

ဆတ်မဟာပရက်ဆဒါ.

ဆတ်မဟာပရက်ဆဒါ (အထပ်ခုနစ်ဆင့်ပါဝင်သည့် တာဝါ) တစ်ခုဖြစ်ပြီး ၁၂ ရာစုက ပြုလုပ်ခဲ့သည့် ပိရမစ်ပုံစံ အထပ်အဆင့်ဆင့်ဖြင့် တက်သွားသည့်အဆောက်အဦ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ Polonnaruwaရှေးဟောင်းသုတေသနနယ်မြေ၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ ၎င်း၏ ပတ်ဝန်းကျင်၌ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦများ တည်ရှိသဖြင့် ၎င်းသည် စေတီတော်တစ်ဆူ ဖြစ်သည်ဟု ယူဆကြသည်။ ထိုနယ်မြေရှိ အဆောက်အဦများ၌ မတူညီသည့်ပုံစံရှိသည့် အဆောက်အဦတစ်ခု ဖြစ်ကာ တည်ဆောက်သူနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည်ကို မသိရှိရပေ။ ဤအဆောက်အဦ၏ ပုံစံသည် ထိုင်းနိုင်ငံ၊ Lamphun မြို့၊ Wat Kukut ကျောင်းရှိ စေတီတော်၊ ကမ္ဘောဒီးယားနိုင်ငံ၏ ဗုဒ္ဓဘာသာဗိသုကာပုံစံများနှင့် မကြာခဏ ခိုင်းနှိုင်းခံရသည်။[၁][၂]

မဟာဝံသကျမ်း၌ ဘုရင် King Parakramabahu I Great (1123-1186) သည် Polonnaruwa တွင် အထပ်ခုနစ်ခုပါဝင်သည့်တာဝါကို တည်ဆောက်ခဲ့သည်ဟု ဆိုထားသည်။ သို့သော်ငြားလည်း ၎င်းသည် ဤအဆောက်အဦ ဖြစ်သည်ကိုမူ အသေအချာ မပြောနိုင်ပေ။[၃]

အုတ်ကို အင်္ဂတေသရွတ်ကိုင်ကာ တည်ဆောင်ထားသည်။ အထပ် ခုနစ်ခုပါဝင်သည်။ သို့သော် ခုနစ်ခုမြောက်အထပ်သည် ကျန်ရှိရုံသာ ရှိတော့သည်။ လေးထောင့်ပုံစံဖြစ်ပြီး ဘေးတိုက်လှေကားပုံစံ တည်ဆောက်ထားသည်။ မျက်နှာလေးဘက်စလုံးတွင် အလှဆင်ထားသည်များမှာ တူညီကြသည်။ မြေပြင်အထပ်တွင် ယုံမှားမှုဖြစ်စေနိုင်သည့် ဝင်ပေါက်တစ်ခု ရှိသည်။ အထပ်အဆင့်များမတွင် မျက်နှာပြင်တိုင်း၏ အလယ်၌ ပန်းပုများ ထွင်းထုထားပြီး ၎င်းတို့ကို အပေါက်များ၊ အခုံးများက ဝန်းရံထားသည်။

ဤနေရာသည် မီးလောင်တိုက် Hephaestion နှင့် ဆက်နွယ်မှုရှိသည်။ Hephaestion ကို ဘီစီလေးရာစုတွင် Alexander the Great က တည်ဆောက်ခဲ့သည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Sirisena၊ W.M. (1978)။ Sri Lanka and South-East Asia: Political, Religious and Cultural Relations from A.D. c. 1000 to c. 1500။ Leiden: E. J. Brill။ p. 128။ ISBN 90040566022020-04-08 တွင် ပြန်စစ်ပြီး
  2. Sathmahal Prasada in Sri Lanka။ 2019-04-14 တွင် ပြန်စစ်ပြီး။
  3. Pannel number 51 of the archaeological site။ 2019-04-14 တွင် ပြန်စစ်ပြီး။
  4. Ciordia, José M. (2020). "The Ship in the Cave: The Greek and Nautical Origin of Buddhist Architecture". Journal of Asian Architecture and Building Engineering 19 (1). doi:10.1080/13467581.2019.1697698.