ဆတ္တာဝန်

ဝီကီပီးဒီးယား မှ

ဆတ္တာဝန်[ပြင်ဆင်ရန်]

ရှေးမြန်မာမင်းများလက်ထက်က ဆတ္တာခေါင်းဟူ၍ ရှိခဲ့ဖူးပါသည်။ ဆတ္တာခေါင်းဟူသည် ဘုရင်မင်းမြတ်၊ သားတော်၊ သမီးတော်တို့၏ ခြေသည်း၊ လက်သည်း သန့်စင်ရေး၊ တစ်ကိုယ်တော် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူရသူဖြစ်ဆိုသည်။ သီပေါမင်းလက်ထက်တွင်မူ ဆတ္တာခေါင်းဟူ၍ မထားတော့ဘဲ ထူးထူးခြားခြား ဆတ္တာဝန်အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရသည်။

ဆတ္တာဝန် သီရိဉာဏသုခ[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်စ ၁၈၇၉ ခုနှစ် ဇန်နဝါရီလတွင် ဆတ္တာဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ သီရိဉာဏသုခ ဆိုသူဖြစ်သည်။ ထူးခြားသည်မှာ ဆတ္တာဝန်သည် နန်းတွင်း၌ မနေဘဲ မန္တလေးတောင်ပြင် ဆတ္တာစု၌ နေထိုင်ခြင်း ဖြစ်သည်။ ဆတ္တာဝန်၏ လက်အောက်တွင် ဆတ္တာဝန်အား ကူညီရန် အမှုထမ်း နှစ်ဦးကိုလည်း သီးခြား ခန့်အပ်ထားရှိသည်။ ယင်း အမှုထမ်းနှစ်ဦးမှာ ရိက္ခါတော်အဖြစ် လစဉ် စပါး ၅၅-တင်း ပေးအပ်ချီးမြှင့်ခံရကြောင်း သိရှိရ၏။ ဆတ္တာဝန်မှာ မဏိပူရနွယ်ဖွား တစ်ဦးဖြစ်သည်ဟု မှန်းဆရသည်။