ဆင်းဒိုင်းဒိုင်းခန်နွန်
Sendai Daikannon in Sendai, Japan. | |
| ကိုဩဒိနိတ် | 38°18′02″N 140°49′25″E / 38.3005°N 140.8236°Eကိုဩဒိနိတ်: 38°18′02″N 140°49′25″E / 38.3005°N 140.8236°E |
|---|---|
| တည်နေရာ | Sendai, Japan |
| အမျိုးအစား | statue |
| အမြင့် | ၁၀၀ မီတာ (၃၃၀ ပေ) |
| ပြီးဆုံး | September 1, 1991 |
| ရည်ရွယ် | Nyoirin Kannon 如意輪観音 |
| Daikannon.com | |
ဆင်းဒိုင်းဒိုင်းခန်နွန် (仙台 大観音) i သည် ဂျပန်နိုင်ငံ၊ ဆင်းဒိုင်းမြို့တွင် တည်ရှိသည့် ကြီးမားသည့် ရုပ်တုတစ်ခု ဖြစ်သည်။
ကမ္ဘာပေါ်ရှိ Nyoirin Kannon ရုပ်တုများတွင် ဤရုပ်တုသည် အမြင့်ဆုံး ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းရုပ်တုသည် ကမ္ဘာပေါ်တွင် ပဉ္စမြောက်အမြင့်ဆုံးရုပ်တုဖြစ်ပြီး အမြင့် ၁၀၀ မီတာ (၃၃၀ ပေ) ရှိသည်။ တည်ဆောက်မှုများ ပြီးစီးသည့် ၁၉၉၁ ခုနှစ်အချိန်ကာလတွင် ဤရုပ်တုသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု ဖြစ်ခဲ့သည်။
ရုပ်တုမှ ရှင်ဂွန်ဗုဒ္ဓဘာသာ(Shingon Buddhism)မှ ဗောဓိသတ္တဘုရားလောင်းဖြစ်သည့် ကန်နွန် (Kannon) ကို ထုလုပ်ထားသည်။
ရုပ်တုအတွင်သို့ ဝင်ရောက်ရန် ဝင်ကြေးပေးဆောင်ရသည်။ အတွင်းရှိ အပေါ်ထပ်တွင် ကြီးမားသည့် ဗုဒ္ဓရုပ်ပွားတော်များစွာနှင့် ဒဏ္ဍာရီလာဘုရင်များ၏ ရုပ်တုများ ရှိသည်။
လည်ပတ်သူများအနေဖြင့် ၁၂ ထပ်မြောက် နေရာသို့ ဓာတ်လှေကားစီးကာ သွားရောက်နိုင်သည်။ ထို့နောက်တွင် လှေကားများမှ အောက်သို့ဆင်းလာပြီး မြေပြင်သို့ ရောက်ရှိမည် ဖြစ်သည်။ အထပ်တစ်ခုချင်းစီးတွင် သစ်သားအိမ်ထဲ၌ ဗုဒ္ဓရုပ်ပွားတော် ရှစ်ခုကို ပြသထားပြီး စုစုပေါင်းအားဖြင့် ၁၀၈ ခု ဖြစ်သည်။