ဆင်ဦးစီး

ဝီကီပီးဒီးယား မှ
An image of the elephant keeper in India riding his elephant from Tashrih al-aqvam (1825).
Mahout with a young elephant at Elephant Nature Park, Thailand
A young Elephant and his Mahout, Kerala, India

ဆင်ဦးစီး သည် ဆင်စီးနင်းသူ၊ ထိန်းကျောင်းသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆင်ဦးစီးတစ်ယောက်သည် အမျိုးသားဖြစ်ပြီး စားဝတ်နေရေးအလုပ်အကိုင်အဖြစ် လုပ်ကိုင်ကြသည်။ ဆင်ဦးစီးများသည် သူတို့၏ ဘဝတစ်သက်တာလုံး ဆင်များနှင့်အတူတကွ နေထိုင်သွားကြသည်။[၁]

ဝေါဟာရ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အသက်မွေးမှုလုပ်ငန်းအနေဖြင့် ဦးစီး ဟု ခေါ်ပြီး ထိုင်းနိုင်ငံတွင် ကွမ်ချန့် (ควาญช้าง) ဟု ခေါ်သည်။ ဗီယက်နမ်တွင်မူ quản tượng ဟု ခေါ်သည်။

ကိရိယာတန်ဆာပလာများ[ပြင်ဆင်ရန်]

ဆင်ဦးစီးများ ပုံမှန်အသုံးပြုသည့် ပစ္စည်များမှာ ချိန်းကြိုးနှင့် မောင်းနှင်ရာတွင် အသုံးပြုသည့် ချိတ် ဖြစ်သည်။ ၎င်းချိတ်ကို ချွန်ထက်သည့် သတ္ထုဖြင့် ပြုလုပ်ထားပြီး ဆင်များကို ကိုင်တွယ်မောင်းနှင်ရန်နှင့် လေ့ကျင့်ရာတွင် အသုံးပြုသည်။

လူမှုအဖွဲ့အစည်း[ပြင်ဆင်ရန်]

ဆင်များနှင့် ဆင်ဦးစီးများသည် အာရှတိုက် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် အချိန်ကြာမြင့်စွာ ပတ်သက်ဆက်နွယ်မှု ရှိခဲ့ကြသည်။ တိရစ္ဆာန်များကို နိုင်ငံ၏ ခေါင်းဆောင်များက လက်ဆောင်အဖြစ် ပေးပို့မှုများ ရှိခဲ့ကြသည်။ ယနေ့ခေတ်ကာလအချိန်တွင် ဆင်ဦးစီးများသည် သစ်တောနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ သစ်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းများတွင်လည်း လုပ်ကိုင်ကြသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Weeratunge, Chamalee, The Elephant Gates. Greenleaf Book Group, 2014, p. 104. (Google eBook)