ဆင်လိပ်ပြာ

ဝီကီပီးဒီးယား မှ

ရိုးရိုးသာမန် လိပ်ပြာထက် အရွယ်အစား ကြီးမားသော လိပ်ပြာကို ဆင်လိပ်ပြာဟု ခေါ်သည်။ ရှေးက ယနေ့အထိ ယုံကြည်မှုအရ လိပ်ပြာကို လာဘ်ကောင်ဟု အမှတ်အသား ပြုထားရာ ဆင်လိပ်ပြာသည် လာဘ်ကောင် အကြီးစား ဖြစ်သည်။ လိပ်(၄)+ပြာ(၅) ပေါင်းပြီး ၉ ရသဖြင့် နဝင်းကောင်ဟုလည်း ခေါ်ဆိုသည်။ နဝင်းကောင် အိမ်ထဲ ဝင်လာပါက အိမ်ရှင် လာဘ်ရလတ္တံ့။ မင်္ဂလာဆောင်တွင် အခမ်းအနားပြင်ဆင်ဆဲ လိပ်ပြာ ဝင်နားသွားပါက မင်္ဂလာပွဲ လက်ဖွဲ့များများ ရလတ္တံ့။ ဈေးသည်၏ ပခုံးနှင့် ဦးခေါင်းပေါ် နားပါက ဈေးရောင်းကောင်းလတ္တံ။ ကိစ္စ တခုခုကို ကြံစည်နေဆဲတွင် လိပ်ပြာ လာနားပါက အောင်မြင်လတ္တံ့။ အိမ်ထဲဝင်ပြီးမှ မနားဘဲ ပြန်ထွက်သွားပါက လာဘ်ရရန် နီးစပ်လတ္တံ့။ သောမနေ့တို့တွင် ဝင်နားပါက မကြာမီ လာဘ်ရမည် ဖြစ်၍ ပါပနေ့တို့တွင် ဝင်နားပါက ရက်အနည်းငယ် ကြာလတ္တံ့။ ဆင်လိပ်ပြာ အမျိုးအစား ဝင်နားပါက သေချာပေါက် လာဘ်ရလတ္တံ့ စသည်ဖြင့် ယုံကြည်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတကျော်နိုင် (ဖေဖော်ဝါရီ၊ ၂၀၀၀)။ ဆင်လိပ်ပြာ ဝင်နားလျှင်။ နက္ခတ္တရောင်ခြည်။ p. ၁၃၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)