ဆင်မင်းကြိုး

ဝီကီပီးဒီးယား မှ

ဆင်မင်းကြိုး သည် ဝန်ကြီး ပဒေသရာဇာ ရေးသားသော မဟာဂီတသီချင်းတစ်ပုဒ် ဖြစ်သည်။

စာသား[ပြင်ဆင်ရန်]

ဝေဘာဂီရိတောင်နယ်တွင်။ သိကြားနတ်ယာဉ်ဆင်။ ။
သည်ဆင်ကိုတဲ့ပေးအပ်နှင်း။ သိကြား သိကြားမင်း။ ။

လျှင်စေကာ ထံတော်မှာ ဆက်ရမည်မှန်သာ။ ။

နီတွေးတွေး။ ရောင်ပြေးပြေး။ ဘက်မဲ့သာပြိုင်တိုင်းဝေး။ ။
ခြေသည်းလက်သည်းနီတြာ။ နင်းတည့် နင်းခြေရာ။ မြင်ကာ မြင်ကာ မြင်ကာဆင်မျိုး။ ကြောက်ရွံ့ရွံ့စိုး။ ။
ဝေးဝေး ထွက်ပြေးသွား။ ကျုံးကိုမုန်းလို့လား။ ။
ဆီးတားဆီးတား။ ဆီးတား ဆီးတားခါ။ ။
ဆင်ဖြူလာ ။ ဆင်နီလာ။ ဆို ဆို ဆိုကြလေး။ ။
ဆင်တော်ပြောင်။ ဆင်တော်ပြောင်။ တောင် ပင် တောင်ရှိ။ မျိုးဆဒ္ဒန် လေလေတည့်။ မျိုးဆဒ္ဒန်။

ကိုးကား[ပြင်ဆင်ရန်]