မာတိကာသို့ ခုန်သွားရန်

ဆင်ငိုမြက်

ဝီကီပီးဒီးယား မှ
Eleusine indica
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးဇာတ်သေး: Eleusininae
မျိုးစု: Eleusine
မျိုးစိတ်:
E. indica
ဒွိနာမ
Eleusine indica

ဆင်ငိုမြက် (Eleusine indica သို့မဟုတ် Indian goosegrass[])သည် ပိုအေ့စီအီး (Poaceae) မျိုးရင်းဝင် မြက် (grass) မျိုးစိတ်တစ်ခု ဖြစ်သည်။ ၎င်းကို ခြံမြက် (yard-grass)[])ဟုလည်းကောင်း၊ သံကြိုးမြက် (wiregrass) ဟုလည်းကောင်း၊ ကျီးခြေထောက်မြက် (crowfootgrass) ဟုလည်းကောင်း ခေါ်ကြသေးသည်။ ၎င်းသည် သေးငယ်သော နှစ်စဉ်ပြန်ပေါက်သည့် (annual) မြက်တစ်မျိုး ဖြစ်ပြီး၊ ကမ္ဘာ့ပူနွေးသောနေရာများတစ်လျှောက်မှ လတ္တီတွဒ် ၅၀ ဒီဂရီဒေသများအထိ ပြန့်နှံ့တွေ့ရှိရသည်။ ၎င်းသည် အချို့ဒေသများတွင် အလွန်အပွားမြန်သော အပင်အမျိုးအစား (invasive species) ဖြစ်သည်။

ဆင်ငိုမြက် (E. indica )၏ မျိုးစေ့များသည် စားသုံးနိုင်သော်လည်း အထွက်နှုန်းနည်းသဖြင့် တစ်ခါတစ်ရံ အစာရေစာ ခေါင်းပါးသောအခါများတွင်သာ စားကြသည်။ ၎င်းသည် စိုက်ပျိုးသောသီးနှံများ၊ တမင်စိုက်သော မြက်ခင်းများနှင့် ဂေါက်ကွင်းများတွင် အသုံးပြုလေ့ရှိသော အရေးပါသော အကြမ်းခံမြက် ဖြစ်သည်။ ၎င်းသည် နေရောင်ပြည့်ဝစွာရရှိသည့် မြေမာများတွင်ပင် ကောင်းစွာရှင်သန်ပွားများ နိုင်သည်။ ၎င်းကို ထိန်းချုပ်ရာတွင် မြက်ရိတ်ခြင်းနှင့် ပေါင်းသတ်ဆေးများကို အသုံးပြုသည်။ ဤနိမ့်နိမ့်ပေါက်သော မြက်ပင်သည် မြေကြီးနှင့်ကပ်၍ ရိတ်သိမ်းသည့်အခါများ၌ပင် မျိုးစေ့ကျပြီး ပြန်လည်ရှင်သန်နိုင်သော မြက်တစ်မျိုး ဖြစ်သည်။ အချို့ဆင်ငိုမြက်ခင်းများသည် ဂလစ်ဖဆိတ် (glyphosate) အပါအဝင် ပေါင်းသတ်ဆေးများကို ခံနိုင်ရည်ရှိလာကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Eleusine indica သဘာဝရင်းမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့၏ အပင်များဆိုင်ရာ အချက်အလက် ဒေတာဘေ့စ်။ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA) 18 January 2016 တွင် ပြန်စစ်ပြီး။
  2. BSBI List 2007 (Excel (.xls))။ Botanical Society of Britain and Ireland။ 25 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-10-17 တွင် ပြန်စစ်ပြီး။