ဆူလ်ဂီ

ဝီကီပီးဒီးယား မှ
(စွန့်ကိ (အဆိုတော်) မှ ပြန်ညွှန်းထားသည်)
ဆူလ်ဂီ
(SEULGI) Marie Claire Pop Quiz 02
Marie Claire Pop Quiz မှ ဆူလ်ဂီ
ဇာတိ အမည်강슬기
မွေးဖွား (1994-02-20) ၂၀ ဖေဖော်ဝါရီ၊ ၁၉၉၄ (အသက် ၃၀)
ကိုရီးယားသမ္မတနိုင်ငံ
အလုပ်အကိုင်အဆိုတော်
ဂီတခရီးလမ်း
ဂီတဟန်
တက်ကြွသည့်နှစ်များ၂၀၁၄-ယခုအထိ
တေးသံသွင်း ကုမ္ပဏီSM Entertainment
ပူးတွဲ ပါဝင်မှုRed Velvet, Red Velvet - Irene & Seulgi, GOT the beat
လက်မှတ်

ဆူလ်ဂီ (အင်္ဂလိပ်: Seulgi, ကိုရီးယား: 강슬기) (၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့ဖွား) သည် SM Entertainment အောက်မှ တောင်ကိုရီးယား အမျိုးသမီးကေပေါ့ပ်ဂီတအဖွဲ့ Red Velvet ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၁][၂] သူမသည် Red Velvet ၏ ယူနစ်အဖွဲ့ခွဲ Red Velvet - Irene & Seulgi နှင့် SM Entertainment မှ ကေပေါ့ပ် အမျိုးသမီးအဆိုတော် များစွာပါဝင်သည့် GOT the beat အဖွဲ့တို့တွင်လည်း ပါဝင်ထားသည်။

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

၁၉၉၄–၂၀၁၄: ငယ်ဘဝနှင့် အနုပညာခရီးအစ[ပြင်ဆင်ရန်]

ဂင်မ်ဆူလ်ဂီကို ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ အန်စမ်း၊ ဂယောင်းဂီဒို၌ မွေးဖွားခဲ့သည်ပြီး မွေးချင်းအစ်ကိုကြီးတစ်ဦးရှိသည်။ သူမသည် အန်စမ်းဘျောမန် အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ဆိုးလ်မြို့ရှိ School of Performing Arts ကို တက်ရောက်ခဲ့သည်။ သူမသည် ကိုရီးယားနှင့် ဂျပန်စကား နှစ်မျိုးလုံး ပြောဆိုနိုင်သည်။[၃]

ဆူလ်ဂီသည် ၂၀၀၇ ခုနှစ်တွင် SM Entertainment သို့ သင်တန်းသားအနေဖြင့် ဝင်ရောက်ကာ အဆိုတော်တစ်ဦးဖြစ်လာရန် စတင်လေ့ကျင့်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် SM Entertainment ၏ ပွဲဦးထွက်အကြိုပရောဂျက်ဖြစ်သောSM Rookies မှတဆင့် လူသိရှင်ကြားမိတ်ဆက်ပေးခဲ့သည့် ပထမဆုံးသော သင်တန်းသား (၃) ဦးအနက်မှ တစ်ဦးဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ဆူလ်ဂီသည် Red Velvet အဖွဲ့ဝင်အဖြစ် တရားဝင် ပွဲဦးထွက်ခဲ့သည်။

၂၀၁၅–ယခုအထိ: တစ်ကိုယ်တော်လှုပ်ရှားမှုများနှင့် အဖွဲ့ခွဲများ[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ Red Velvet

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် SM Entertainment မှ တင်ဆက်သည့် School Oz ပြဇာတ်တွင် ဇာတ်ဆောင် Dorothy အဖြစ် သရုပ်ဆောင်ခဲ့သည်။[၄] ၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင် ဆူလ်ဂီသည် King of Mask Singer ရုပ်သံအစီအစဉ်တွင် Cinema Heaven ဟုခေါ်သော ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။[၅]

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် သူမသည် (G)I-dle အဖွဲ့၏ ဆိုယွန်း၊ GFriend အဖွဲ့၏ SinB၊ တစ်ကိုယ်တော်အဆိုတော် Chungha တို့နှင့်အတူ မီနီအဖွဲ့ငယ်ဖြစ်သည့် Station Young အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး "Wow Thing" သီချင်း ထွက်ရှိခဲ့သည်။[၆] အောက်တိုဘာလ ၁၅ရက်နေ့တွင် ဆူလ်ဂီသည် Gaon Digital Chart တွင် နံပါတ် ၂ နေရာအထိ ရောက်ရှိခဲ့သော တောင်ကိုရီးယား ဟစ်ဟော့နှင့် R&B အနုပညာရှင် Zion.T ၏ သီချင်း "Hello Tutorial" တွင် Featuring အဆိုတော်အဖြစ် ပါဝင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဆိုးလ်မြို့၌ ကျင်းပြသည့် La Rouge ဖျော်ဖြေပွဲအတွင်း ဆူလ်ဂီသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေမှုဖြစ်သည့် "Uncover" သီချင်းကို ဖျော်ဖြေခဲ့သည်။[၇] ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် SM Entertainment မှ ဆူလ်ဂီသည် Red Velvet အဖွဲ့ဝင်အဖော် အိုင်းရင်း နှင့်အတူ Red Velvet ၏ ပထမဆုံး ယူနစ်အဖွဲ့ခွဲအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။[၈] အဆိုပါ ယူနစ်အဖွဲ့ခွဲ Red Velvet - Irene & Seulgi သည် Monster EP ဖြင့် ဇူလိုင်လ ၆ရက်နေ့တွင် ပွဲဦးထွက်ခဲ့သည်။ ၎င်း EP တွင် Seulgi ၏ တစ်ကိုယ်တော်သီချင်း "Uncover" ၏ စတူဒီယိုဗားရှင်း အပြည့်အစုံပါရှိသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် သူမသည် Naver Now ၌ သူမ၏ ကိုယ်ပိုင်အွန်လိုင်းရုပ်သံအစီအစဉ် Seulgi.zip ကိုစတင်ပြသခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆူလ်ဂီသည် Red Velvet အဖွဲ့ဝင်အဖော် ဝင်ဒီ နှင့်အတူ SM Entertainment ၏ အမျိုးသမီးအဆိုတော် များစွာပါဝင်သည့် စူပါအဖွဲ့ Got the Beat ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂ရက်နေ့တွင် ပွဲဦးထွက်ခဲ့သည်။[၉]


ကိုးကား[ပြင်ဆင်ရန်]

  1. Choi Jin-sil (August 8, 2014)။ 8월의 특급 루키 소개서 ① 레드벨벳 (in Korean)။ 21 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 29, 2016 တွင် ပြန်စစ်ပြီး။
  2. Sohn Ji-young (July 28, 2014)။ SM Entertainment debuts new girl group Red VelvetThe Korea Herald။ October 29, 2016 တွင် ပြန်စစ်ပြီး။
  3. Jini (July 30, 2014). "레드벨벳 슬기·아이린·웬디·조이…플룻부터 섹소폰까지 "다재다능"". E Today (in Korean).
  4. Lim Jeong-yeo (January 8, 2015). "TVXQ, SHINee, EXO, f(x) to star in hologram musical 'School OZ'". The Kpop Herald.
  5. Sun Mi-kyung (October 3, 2016). "[Oh!쎈 톡] 레드벨벳 슬기 "'복면가왕' 출연 고심, 날 성장시킬 기회"". Osen (in Korean).
  6. Tamar Herman (September 28, 2018). "Red Velvet's Seulgi, GFriend's SinB, (G)I-dle's Soyeon & Chung Ha Team for 'Wow Thing'". Billboard.
  7. Kim Myung-mi (July 23, 2020). "레드벨벳 아이린&슬기, 오늘(23일) 스페셜 비디오 마지막편 공개". Newsen (ကိုရီးယားဘာသာစကားဖြင့်).
  8. Lee Min-ji (April 21, 2020). "SM 측 "레드벨벳 아이린X슬기 유닛 준비 중"(공식입장)". Newsen (ကိုရီးယားဘာသာစကားဖြင့်)
  9. Lee Tae-soo (December 27, 2021). "보아·태연·카리나 등 뭉쳤다…SM 여성 유닛 '갓 더 비트' 출범" [BoA, Taeyeon, Karina, etc. have teamed up...SM female unit 'God the Beat' launched] (in Korean). Yonhap News Agency.