စံရာဘုံမြင့်
ဇောင်းကလောပြွန်ရေဆင်းကြိုး
စံရာဘုံမြင့်
[ပြင်ဆင်ရန်]စံရာဘုံမြင့် ညီးလင်း ဝေယန်နှုန်းမယွင်း။ ။
ရာပြည်ပြည်မင်းမှန်ကူ။ ထွတ်ထိပ်သယမ္ဘူ။ ။
စံတော်မူ။ လျှံလူအောင်မြေကျွန်းဝယ်ပလေ။ ရှုငြောင်းအီ။ ရှေ့ဆီ ပြုဗ္ဗာစွန်းမှာတဲ့လေး။ ။
ဖြူဝန်းပြာချေ။ ဝါရွှေစိမ်းစို။ ခိုလဲ့လဲ့ ညိုနွဲ့နွဲ့ အိုဘဲ့ကြာမျိုး။ မောက်ဖြိုးထူးတဆန်း။ ။
တင်းကြမ်း တင်းကြမ်း မြရည်ရောင်။ ငှက်တည့်ငှက်မယ်မောင်။ ။
သာခေါင်ကြေ အညာလေတည့်မှ။ ယာဉ်ဘောင် ရေသီတာ။ ။
သံသာဖိုမ ဧ။ ဇင်ယော်ကျူးရင့်ကြွေး။ ။
မြစ်တွေးတွန်သံ သာချည့်လေ။ ချစ်ရေး တူမကွာတည့်လေ။ ။
ဖွေးဖွေး ဖွေးဖွေး ရေအလျှံ။ လှိုင်းတည့် လှိုင်းပေါ်စံ။ ။
ငါးတန် ငါးတန် ငါးတန် ငါးကြင်း။ ငါးဖယ် ငါးပြာစင်းငယ်နှင့်လေး။ ။
ပြွန်ရင်း ပြွန်ရင်း ဆိုက်ခါခါ။ ချင်းတို့လိုက်ဘာသာ။ မြူးပျော်ခါ ယှဉ်ပြိုင်သွား။ ငှက်စုံရွှေလိပ်ငါး။ ။
စီးတွေတွေသားငယ်နှင့်။ ရေပေါ်မှာသွားပါလို့။ များတောင်းပင်လေလေတည့်။ များတောင်းပင်။
ကျေးဇူးတင်ပါသည်
[ပြင်ဆင်ရန်]ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/