စံပယ်ပန်း (ဒွေးချိုး)
ပုံပန်းသွင်ပြင်
စံပယ်ပန်း (ဒွေးချိုး) ကို ဦးပုည ရေးဖွဲ့ခဲ့သည်။ ဒွေးချိုး ကဗျာအမျိုးအစား ဖြစ်သည်။
စံပယ်ပန်း (ဒွေးချိုး)
[ပြင်ဆင်ရန်]ပန်းစံပယ်
နန်းလယ် မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပါ့
ခံပွင့်ကို ကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီ ရွေ့တယ်
တောလေ့ရွာသုံး။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ရဝေ = နန်းတော်အိမ်တော်တို့၏ အဆောင်။ မြင့်မြတ်သော တိုက်ခန်းနေရာ။
၂။ ယာယီ = အတည်အမြဲ မဟုတ်ဘဲ အခိုက်အတန့်ကာလ။
၃။ခံပွင့် = ပန်းပွင့်ဖြူကလေးများပွင့်၍ ချဥ်ဖန်သည့်အသီးငယ်များသီးသည့် ပင်ပျပ်တစ်မျိုး။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း။