စော်ဘွားတောင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မေမြို့ရဲ့ အရှေ့တောင်ဖက်မှာ ဒေသတွင်းအမြင့်ဆုံးတောင်ဟု သတ်မှတ်ခံထားရသည့်တစ်တစ်တောင်တည်ရှိနေပါတယ်။ ရှမ်းစော်ဘွားကြီးတစ်ဦးကို အစွဲပြုပြီး စော်ဘွားတောင် ဟု အမည်တွင်ပါတယ်။ တောင်ရဲ့ အမြင့်ပေမှာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၉၆) ပေ ဖြစ်ပြီး တောင်ခြေမြေပြင်မှတောင်ထိပ်ထိ အမြင့်ပေကတော့ (၁၀၅၀) ပေခန့်မြင့်မားပါတယ်။

တည်နေရာ[ပြင်ဆင်ရန်]

21° 59' 43" N 96° 32' 34" E sea level 4813 ft

ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းမမှတစ်ဆင့် ကြီးကိုင်ရွာ သို့ လမ်းခွဲအတိုင်းသွားရပြီး အင်းယားရွာ သင်ဂတုံ ရွာများကိုဖြတ်သန်းကာ ကျိုင်းတောင်း ရွာ တောင်ခြေ ကျိုင်းတောင်းကျောင်းတိုက်မှ တောင်တက်ခရီးစတင်ရပါတယ်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စော်ဘွားတောင်ဟု အမည်တွင်ပုံမှာ ..... ရှေးခေတ်က ထိုဒေသမှာ ဘုန်းတန်ခိုးကြီးမားသော ရှမ်းစော်ဘွားကြီးတစ်ဦး မင်းလုပ်အုပ်ချုပ်ခဲ့သည်။ စော်ဘွားကြီးမှာ သားတော်တစ်ပါး ရှိပြီး သားတော်ကို အိမ်ရှေ့စံမင်းသား အရာထားရှိခဲ့သည်။ အိမ်ရှေ့စံမင်းသားလေးမှာ သနားကြင်နာတတ်သော စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်ပြီး မိဘမဲ့ ရှမ်းညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ခွန်ချို နှင့် ခွန်သာ ကို ခေါ်ယူမွေးစားခဲ့သည်။ ခွန်ချို နှင့် ခွန်သာ အရွယ်ရောက်လာသောအခါ အိမ်ရှေ့စံမင်းသား နှင့် သုံးယောက်ပေါင်းပုန်ကန်ပြီး ထီးနန်းလုယူကြမည့်အရေးကို စော်ဘွားကြီး တွေးပူလာသည်။ ထိုအရေးကိုဖြေရှင်းရန် အိမ်ရှေ့စံမင်းသားလေးကို ရှမ်းညီနောင်နှစ်ဦး ခွန်ချို နှင့် ခွန်သာ တို့ရဲ့ဦးခေါင်းကို ဖြတ်ပြီး မိမိထံဆက်သပါက ထီးနန်းလွှဲအပ်ပေးမည်ဟု ပရိယယ်ဆင်ကာ မိန့်ကြားလိုက်သည်။ အိမ်ရှေ့စံမင်းသားလေးမှာလည်း ခွန်ချို နှင့် ခွန်သာ တို့ရဲ့ဦးခေါင်းကိုဖြတ်ယူပြီး စော်ဘွားကြီးထံ ဆက်သချိန်မှာ စော်ဘွားကြီးက အိမ်ရှေ့စံမင်းသားလေးရဲ့ဦးခေါင်းကိုပါ ဖြတ်ချပြီးသတ်လိုက်သည်။ ဦးခေါင်းသုံးခုလုံးကို တောင်ထိပ်မှာ ခံစစ်ကျုံးများအဖြစ် တည်ဆောက်လိုက်သည်။ ယခု စော်ဘွားတောင်ပေါ်မှာ မြင်တွေ့ရသည့် ခံစစ်ကျုံးသည် ရှမ်းညီနောင် ခွန်ချို / ခွန်သာ နှင့် အိမ်ရှေ့စံမင်းသားရဲ့ ဦးခေါင်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ စော်ဘွားကြီးကို အစွဲပြုပြီး တောင်ကိုလည်း စော်ဘွားတောင်ဟု ယနေ့တိုင် အမည်တွင် ထင်ရှားကျော်ကြားသည်။

ယခု တောင်ထိပ်မှာ တွေ့မြင်နေရသည့်စေတီသည် မိဖုရားစောမွန်လှ တည်ထားခဲ့သည့်စေတီဖြစ်သည်။ ယခင်စေတီအဟောင်းကို ကျိုင်းတောင်းရွာ မှပြန်လည်မွမ်းမံပြင်ဆင်ထားသည်ဟု ဆိုကြသည်။ ယခုပြန်လည်ပြင်ဆင်ထားသည့် အလှူရှင်များရဲ့ ကမ္ဗည်းမော်ကွန်းများကိုလည်း စေတီပေါ်မှာ ရေးထိုးတာ တွေ့မြင်နေရသည်။မိဖုရားစောမွန်လှ ရှမ်းပြည်အပြန်ခရီးမှာ ခေတ္တနားနေခဲ့သည့် နေရာကို

  1. နားခိုက်ရွာ နားပြီးပြန်လည်ထွက်ခွာခဲ့ရာ မိုးလင်းသွားသည့်နေရာကို #နားလင်းရွာ နားပြီးချောင်းကူးခဲ့သည့်နေရာကို #ချောင်းကူးရွာ

ချောင်းကူးပြီးချောင်းခြားသွားသည့်နေရာကို #ချောင်းခြားရွာ (ယခုအခေါ် သရက်ချောင်ရွာ သဘာဝရေပူစမ်း နှင့် ရေတံခွန်အခု ၅၀ ခန့်ရှိသည် ဆိုသည့်ရွာ) စေတီတော်ပေါ်မှာ ပန်းတင်ကပ်လှူခဲ့သည့်နေရာကို #ပန်းတင်ရွာ စသည့်ဖြင့် စော်ဘွားတောင်ခြေတစ်ဝိုက်မှာ ရှမ်းရွာလေးများ ပေါ်ပေါက်လာကြသည် ဟုဆိုကြသည်။ ထို ရှမ်းရွာလေးများသည် ယနေ့တိုင် အထင်ရှားတွေ့မြင်နေရသေးသည်။

ပွဲတော်များ[ပြင်ဆင်ရန်]

နှစ်စဉ် တပေါင်းလပြည့်နေ့မှာ စော်ဘွားတောင်ထိပ် စေတီမှာ ဘုရားပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပတယ်လို့ဆိုပါတယ်။စတုဒီသာအကျွေးအမွေးများနှင့် အလွန်စည်ကားသောဘုရားပွဲတော် ဟုလည်း စော်ဘွားတောင်ခြေ ရှမ်းရွာက ဒေသခံတွေဆီက သိခဲ့ရပါတယ်။

ကျိုင်းတောင်းကျောင်းတိုက်မှ ပေ (၁၀၅၀) ခန့် တောင်တက်ရပြီး တောင်တက်လမ်းတစ်လျှောက်မှာ တွေ့မြင်နေရတဲ့ရှုခင်းတွေက အရမ်းကိုလှပပါတယ်။ တောင်တွေအများကြီးကို အပေါ်စီးကနေ ကြည့်နိုင်ပြီး တောင်ခြေ ကျိုင်းတောင်း ရွာမှာ စိုက်ပျိုးထားတဲ့ အသီးအနှံခင်းတွေ ဝါဝင်းနေတဲ့ စပါးခင်းတွေနဲ့ သာယာလှပနေမှုတွေ မြင်တွေ့နေရတာက ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရပါတယ်။ တောင်ထိပ်မှာ စိုက်ထူထားတဲ့ ခံစစ်ကျုံးကျွန်းတိုင် ကြီးဟာဆိုရင်လည်း တောင်ခြေရွာ တော်တော်အဝေးကြီးဆီမှ တောင်ထိပ်မှာ အထင်အရှားထောင်မှတ်နေတာ တွေ့ရပါတယ်။ တောင်တက်ခရီးသွားရတာဝါသနာပါသူများ အနေဖြင့် စိတ်ဝင်စားစရာ ကောင်းတဲ့ စော်ဘွားတောင် သို့ တစ်ခါတစ်ခေါက်လောက် တက်ကြည့်သင့်ပါတယ်။

တောင်တက်သူများအနေဖြင့် မိမိတို့အသိစိတ်ဓာတ်ဖြင့် အမှိုက်များကို စနစ်တကျစွန့်ပြစ်သင့်ပါတယ်။ တောင်တက်လမ်းတစ်လျှောက်မှာ ဖော့ဘူးခွံတွေ ပလတ်စတစ်တွေ စည်းကမ်းမဲ့ စွန့်ပြစ်ထားတာတွေ့ရပါတယ်။ မိမိကြောင့် သဘာဝပတ်ဝန်းကျင်အလှအပတွေ မညိူးနွမ်းစေပါနဲ့ဗျ။ နောက်တစ်ခု စိတ်ပျက်စရာက တောင်ထိပ်စေတီပေါ်က တန်းဆောင်းမှာ မီးသွေးခဲ တွေအသုံးပြုပြီး စာတွေ ရေးထားတာ တွေ့ရပါတယ်။ ထုပ်တန်းတွေပေါ်ထိ တက်ပြီး မီးသွေးခဲတွေနဲ့ စာတွေရေးထားပါတယ်။ အခြေနေက တော်တော်ဆိုးဝါးပါတယ်။ရှေးခေတ်လက်ရာ ကနုတ်ကွက်တွေ ထုပ်တန်းတွေမှာ မီးသွေးခဲတွေနဲ့ ရုပ်ပျက်ဆင်းပျက်တွေ ဆက်ပြီး မလုပ်ကြဖို့ မေတ္တာရပ်ခံပါရစေ။ အလွန်အင်မတန်မှ ရုပ်ဆိုးအကြည်းတန်စေတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ မိမိကြောင့် ရှေးခေတ်လက်ရာတွေ အကျည်းမတန်စေပါနဲ့ဗျ။



အကိုးအကား[ပြင်ဆင်ရန်]

ဦးထွေးဟန် (၁၉၉၁ခုနှစ်၊ဇူလိုင်လ၊၁၇ရက်). မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း. အမှတ် - ၅၊တင့်ဆန်းလမ်း၊ဗဟန်း၊ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉။