စောမြရာဇာလင်း
ဝဏ္ဏကျော်ထင်၊ ဒေါ် စောမြရာဇာလင်း | |
|---|---|
| ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ (စောမြရာဇာလင်းအဖွဲ့) | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၅ မတ် ၂၀၂၃ |
ဒေါ်စာမြေရာဇာလင်း သည် သူဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (စောမြရာဇာလင်းအဖွဲ့) ၏ ဥက္ကဋ္ဌ ဖြစ်သည်။
ALP နှစ်ခြမ်းကွဲခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီအသစ်ကို ပြန်လည်ဖွဲ့စည်းသည်။ ဒေါ်စောမြရာဇာလင်းသည် သူ့သဘောနှင့်သူ ပါတီကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုသည်။[၁] ဒေါ်စောမြရာဇာလင်းသည် ပါတီစည်း မျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်းကြောင့် ပါတီမှ ယာယီ ထုတ်ပယ်ကြောင်း မတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။[၂]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင် (၃) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် စောမြရာဇာလင်းကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်" (in my)၊ Radio Free Asia၊ ၂၁ မတ် ၂၀၂၃။
- ↑ "ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ" (in my)၊ ဗွီအိုအေ၊ ၂၂ မတ် ၂၀၂၃။
- ↑ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ Ministry of Information (2025-7-3)။ 2025-7-3 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |