စောနှင့်စော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပုဂံကျောက်စာတို့တွင် စဝ်၊ အစဝ်၊ စာဝ်၊ ဇဝ်၊ ဇာဝ် စသည်ဖြင့် ရေး၍ ယခုအခါ စောဟူ၍၎င်း၊ စော်ဟူ၍၎င်း ရေး ကြသော စကားလုံးသည်ကား တဲလူမျိုးစု၏စကားမှ ဆင်းသက် သည့် ရှေးဟောင်း မြန်မာစကားတစ်လုံး ဖြစ်သည်။ ရှမ်းစာ တွင် စဝ်ဟူ၍ ရေးသည်။ ယိုးဒယားစာတွင် စောဟူ၍ ရေး သည်။ အသျှင်၊ သခင်၊ မင်း၊ ဘုရင်ဟု အနက်ထွက်သည်။

ခေတ်ဦး မြန်မာတို့သည် မြန်မာပြည် မြေနိမ့်လွင်ပြင်များသို့ မဆင်းသက်မီက တရုတ်မြန်မာနယ်ခြား ပေါရှမ်း(မောရှမ်း) တို့၏ တောင်ဘက် ယူနန်ပြည် နန်စောမင်းတို့၏ ပိုင်နက်တွင် နေထိုင်ကြသည်။ သက္ကရာဇ် ၂၂၅ ခုနှစ် (ခရစ် ၈၆၃)တွင် ရာဇဝင်ဆရာဖန်ချိုသည် မန်ရှုခေါ် ရာဇဝင်အခန်း ၄ ၌ မြန်မာ တို့အကြောင်း ဤသို့ရေးခဲ့သည်။

'ထိုသူတို့သည် မိမိတို့၏အကြီးအကဲများကို မင်းဟု ခေါ်ကြ သည်။ထိုမင်းကိုပင် နန်စောတို့က မင်းစောဟုခေါ်ကြပြန်သည်။ နန်စောဆိုသည်မှာ တရုတ်စကားနှင့် တဲစကား စပ်နေသော တရုတ်တဲစပ်စကား ဖြစ်သည်။ နန်ဆိုသည်မှာ တရုတ်စကား တောင်ဘက်အရပ် ဆိုသည်။ စောဆိုသည်မှာ တဲစကားမင်း ဆိုသည်။ တဲစကားစောနှင့် မြန်မာစကား မင်းတို့မှာ အနက်တူ ကြသည်။ အရှေ့သို့လားပြန်သော်၊ သံလွင်နှင့် မဲခေါင်မြစ် အကြား ဒေသတွင် မြန်မာနွယ်လူမျိုးများ ရှိကြပြန်သည်။

ထိုလူမျိုးတို့ကိုလည်း ရာဇဝင်ဆရာဖန်ချိုက မွင်စို သို့မဟုတ် ဝင်စုဟု ခေါ်ထားသည်။ ယင်းစကားတို့သည် မင်းစောနှင့် သဘောတူ ဒေသန္တရစကားများ ဖြစ်ကြသည်။ နန်စော မြန်မာ လူမျိုးတို့၏ ရှေးစကားတွင် ထင်ရှားသော ပျူစောထီးနှင့် ထီးမင်းစောတို့ကိုလည်း တရုတ်တို့က ပျူစုတိနှင့် တိမင်စုဟု ရေးကြသည်။

မူလထိုးကျောက်စာတို့တွင် အစောဆုံးတွေ့ရသည့် စောရဟန်းမင်း(စဝ်ရဟန်)သည် ဤနန်စောဘွဲ့ကို ခံယူထား သည်။ အနိရုဒ္ဒကိုလည်း ရာဇဝင်တို့တွင် အနောက်ရထာ မင်းစောဟု ခေါ်ကြသည်။


အနော်ရထာ၏သားတော်ကိုမူလထိုးကျောက်စာတို့တွင် မင်းလုလင်ဟုရေး၍ ရာဇာဝင်တို့တွင် စောလူးဟု ရေးကြသည်။


တရုတ်ရာဇာဝင်နှင့် မြန်မာရာဇဝင်တို့တွင် စေနစ်ဟု ခေါ်သော မင်းကို ကျောက်စာတို့တွင် မင်းလုလင်ဟုပင် ရေးကြသည်။ ကျစွာမင်းကြီးကိုလည်း မျက်မှောက်ထိုး ကျောက်စာတို့တွင် စောကြီး(စဝ်ကြီး)ဟု ရေးကြသည်။

ပုဂံခေတ် မိဖုရားနှင့် မင်းသမီးများသည် မိမိတို့၏ အမည် အစ၌ စော(စဝ်)ကို များစွာ တပ်လေ့ရှိသည်။ နားတောင်းများ မင်း၏ မယ်တော်သည် စောမြကန်သည် ဟူသော အမည်ကို ခံယူသည်။ အစောမင်းလှဆိုသော မင်းသမီးတစ်ပါးလည်း ရှိသေးသည်။ ဥစ္စာနာ၏ မိဖုရား သုံးလူလတွင် အစောကြွံ (အစဝ်ကြွံ = ဂျွမ်းတို့အသျှင်)ဟူသော သမီးတော်တစ်ပါး ရှိသည်။ ဤစကားလုံးပါသော မိဖုရားမောင်းမတို့၏ အမည် ကားများစွာ။


သက္ကရာဇ် ၅၆ဝ ပြည့်နှစ်တွင် ဓမ္မရာဇက ဘုရား၌ အလှူ ပြုသည်။ သက္ကရာဇ် ၅၆၈ ခုနှစ်သို့ ရောက်သောအခါ ထို မောင်းမငယ်သည်ပင် အလှူပြုပြန်သည်။ သို့သော် အမည်ကို ကား မောင်းမ စောခင်မိငယ်ဟု စောဘွဲ့ဆင့်၍ ရေးသည်။ ထိုသက္ကရာဇ်နှစ်အကြားတွင် နရပတိစည်သူမင်းသည် ထို မောင်းမငယ်ကို စောအဆင့်အတန်းသို့ တင်မြေ|ာက်လိုက်ခြင်း ဖြစ်တန်ရာသည်။

သက္ကရာဇ် ၅၂၇ ခုနှစ်ထိုး ဓမ္မာရံကျောက်စာတွင် မင်းသမီး အစောလတ် (အဇာဝ်လတ်)သည် မြန်မာစာ စံပြုရေးထုံးကို တီထွင်သည်။ ထိုကျောက်စာတွင် မင်းသမီးသည် မိမိ၏အမည် ကို အဇာဝ်လတ်ဟု ရေးသည်။ ဤအချက်ကိုထောက်သော် ထိုခေတ်ကပင် ဤစကားလုံးကို စော်ဘွား(ကောင်းကင့်အသျှင်) ဟူရာတွင်ကဲ့သို့ အော်ကာရန်သံနှင့် ခေါ်ဝေါ်နေကြပြီဟု မှတ်ယူ ဘွယ်ရှိသည်။

ကရင်လူမျိုးတို့သည် ယောကျာ်းအမည်ရှေ့တွင် အမြတ်တနိုး ထည့်သွင်းခေါ်ဝေါ်ကြသော စောသည်လည်း ဤစကားလုံးပင် ဖြစ်ပေရာသတည်း။

ဂျီ၊ အိပ်၊ လု(စ်)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)