စောင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဇရက်က၊ ပုရွက်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး
ပုံပန်းသွင်ပြင်
စောင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဇရက်က၊ ပုရွက်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အနက်အဓိပ္ပာယ်
[ပြင်ဆင်ရန်]စောင်းဆရာ၏ စောင်းကြိုးများ လျော့လာခြင်း၊ ယားနာ ပွေးနာရှိသူတို့၏ အနာထ၍ သိသိသာသာ ယားယံလာခြင်း၊ ပါဒရက်နာ ရှိသူတို့ ခြေလက် ပိုမိုကိုက်ခဲလာခြင်း၊ ပုရွက်ဆိတ်များ အုပ်လိုက် တရွရွ သွားလာလှုပ်ရှားခြင်း၊ ပလူကောင်များ ထွက်ခြင်း၊ အနာကြီးရောဂါရှိသူများ ရောဂါကြွလာခြင်း၊ ပြဒါးကျုံ့ခြင်းတို့သည် မိုးရွာမည့် နိမိတ်ရှစ်ပါး ဖြစ်သည်။[၁]