စူးနေရာစူး၊ ဆောက်နေရာဆောက်

ဝီကီပီးဒီးယား မှ

စူးနေရာစူး၊ ဆောက်နေရာဆောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စူးကို စူးနှင့် သင့်လျော်ရာတွင်သာ သုံးရသည်၊ ဆောက်ကို ဆောက်နှင့် သင့်လျော်ရာတွင်သာ သုံးရသည်။ ထိုနည်းတူ မည်သည့်ပစ္စည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို နေရာဌာနအလိုက် စွမ်းအားအလိုက် သုံးရသည်။ အခြားဆိုလိုရင်းတစ်ခုမှာ လက်သမားလုပ်ငန်းတွင် စူးနှင့်ဆောက်သည် အရာဌာနအားလျော်စွာ အသုံးဝင်သကဲ့သို့ လောကတွင် မည်သည့်ပစ္စည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို အရာဌာနအလိုက် အသုံးဝင်သည်ချည်း ဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စူးရာစူးလျောက်၊ ဆောက်ရာဆောက်တည့်၊ ချင့်ထောက်ပညာ၊ သင့်လျော်စွာအောင်၊ အရာလျောက်ပတ်၊ ခြားစေတတ်လော့၊" [၁၂၆၆] မဃ * ၃၁၈။
  • "စူးနေရာစူး၊ ဆောက်နေရာဆောက် ဆိုတဲ့စကားလို စူးတို့ ဆောက်တို့ဟာ ပုဆိန်ဓားမ လောက် အရာမရောက်ဘူး ဆိုရသော်လည်း သူ့နေရာနှင့်သူတော့ သူများနှင့်မတူအောင် အသုံးကျတာ။" [၁၂၉၆] မဉ္စရီ၊ ဒု။ ၁၁၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၀။