စူဠာသမ္ဘာဝ

ဝီကီပီးဒီးယား မှ

သာသနာသက္ကရာဇ် ၄ဝ ပြည့်နှစ်၌ပင် တကောင်းဘုရင်သတိုးမဟာရာဇာ၏ မိဖုရားကြီး ကိရီဒေဝီသည်မဟာသမ္ဘာဝ၊ စူသမ္ဘဝ မျက်မမြင် ညီနောင်ကို အမြွှာဖွားသည်။ မင်းကြီးက ရှက်၍ လူမသိ အောင် သတ်ရန် မိန့်ကြားသော်လည်း ဝမ်းတွင်လွယ်မွေးခဲ့ရသောသားများဖြစ်၍ မိဖုရားသည် မစွန့်ပစ်နိုင်ဘဲ ဝှက်ထား သည်။ သို့သော် သာသနာသက္ကရာဇ် ၅၉ ခုနှစ်တွင် သားတော် တို့အား ဝှက်ထားကြောင်း မင်းကြီးသိလေ၍၊ သတ်ခိုင်းရာ မိဖုရားသည် သားတော်တို့အား ဖောင်၌တင်၍ ရိက္ခါ အပြည့်တင်ကာ မျှောလိုက်သည်။

ဖောင်သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စုန်လာခဲ့ရာ၊ လမ်းခရီးတွင် စန္ဒမုခီဘီလူးမနှင့်တွေ့ရာစန္ဒမုခီဘ​ီလူးမသည်ဖောင်ပေါ်ရှိစားစရာများကိုတက်စားရင်းအကြောင်းစုံမေးမြန်းရာမျက်မမြင်မင်းသားနှစ်ပါးကိုမျက်စိအလင်းရအောင်ကုစားမှုပေးရာ မင်းသားများသည် မျက်စိအလင်းရရှိခဲ့ကြသည်။ မင်းသားတို့၏ ဖောင်သည် အစဉ်တစိုက် စုန်လာခဲ့ရာ ဘေဒါရီ ရေခပ်ရာ ရေဆိပ်သို့ရောက်ခဲ့သည်။

မင်းသားတို့သည် ဘေဒါရီ ရေခပ်ပုံကိုမြင်လျှင် ဘူးကိုယူ၍ သန်လျှက်ဖြင့် မျက်နှာဝကို လှီးပြီးလျှင် အစေ့ကို သွန်ကာ ရေမှာခပ်စေ၍ ကျည်ထောက်ကို ပြည့်စေသည်။ ဘေဒါရီလည်း ကျည်တောက်တွင် ရေပြည့်လျှင် ခမည်းတော် ရှင်ရသေ့၏ ကျောင်းသို့ပြန်သွားလေသည်။

ရေဆိပ်မှ စောစီးစွာ ပြန်လာသော ဘေဒါရီအား ရှင်ရသေ့တွေ့လျှင် အကြောင်းကို စုံစမ်း၍ မင်းသားတို့အား ခေါ်ယူပြီးသော် စေ့စုံစွာ မေးမြန်းသည်။ မင်းသားနှစ်ပါးလည်း အကြောင်းကို လျှောက်ထားသော်၊ မိမိ၏ တူတော်ရင်းများ ဖြစ်နေသည့်အတွက် မင်းသားအကြီး မဟာသမ္ဘဝနှင့် သမီးတော် ဘေဒါရီကို စုံဖက်ပေးလေသည်။

ရှင်ရသေ့သည် ဘုန်းတန်းခိုးကြီးမားသူလည်း ဖြစ်သည်။ အဋ္ဌာရသ၌လည်း အပြီးတိုင်တတ်သူ ဖြစ်သည်။ ရာဇပရိယာယ်၌ အလွန်လိမ္မာတော်မူသည်။ ထို့ကြောင့် မိမိအား ဆည်းကပ်ကိုးကွယ်လျက် ရှိသော ပျူမိဖုရား အမှူးရှိသော သူတို့အား တူတော် မဟာသမ္ဘာဝကို မင်းအဖြစ်ပေးအပ်ရန် ရှင်ရသေ့က မိန့်ကြားသည် ပျူမိဖုရားလည်း မဟာသမ္ဘဝ မင်းသား၏ ဘုန်းလက်ရုံးနှင့် ပြည့်စုံသည့် အဖြစ်ကိုသိ၍ သဘောကြိုက်ညီကာ၊ မင်းသားအား မင်းမြေ|ာက်သည်။

ယင်းသို့ဖြင့် မဟာသမ္ဘာဝမင်းသားသည် သကျအင်းအရပ်တွင် သာသနာသက္ကရာဇ် ၆ဝ ပြည့်နှစ်၌ မင်းအဖြစ် အုပ်စိုးသည်။ မဟာသမ္ဘဝမင်းသည် ဘေဒါရီမိဖုရားအပြင်၊ ပျူမိဖုရားကိုလည်း မိဖုရားအဖြစ် တင်မြေ|ာက်လေသည်။ သို့သော် ပျူမိဖုရား၌ သမီးတော်တစ်ပါး ဖွားမြင်ပြီးနောက် မကြာမီ အနိစ္စရောက်လေ သည်။

ဘေဒါရီ မိဖုရားတွင် ဒွတ္တဘောင်မင်း ပန္ထိသန္ဓေ ၃လ ရှိသောအခါ၊ မဟာသမ္ဘဝမင်းသည် သက်တော် ၂၆ နှစ်တွင် နတ်ပြည်စံသည်။ ထို့ကြောင့် သာသနာသက္ကရာဇ် ၆၆ နှစ်တွင် စူသမ္ဘာဝသည် နောင်တော်၏ ရိုက်ရာ ကို ဆက်ခံ၍ မင်းပြု သည်။ စူသမ္ဘဝမင်းသည် မရီးတော် ဘေဒါရီကိုပင် မိဖုရားမြောက်သည်။သာသနာနှစ်-၆၆/၁၀၁) (BC-478) (BC-444 တွင် မဇ္ဈိမဒေသ၊ ဝေသာလီပြည်၌ ဒုတိယသံဂါယနာတင်သည်။နန်းသက်မှာ၃၅နှစ်ဖြစ်သည်စူသမ္ဘဝနောက်နန်းတက်သောဒွတ္တဘောင်မင်းသည်သရေခေတ္တရာမြို့ကိုတည်ထောင်သည်။