စုံထောက်ကြီး ရှားလောက်ဟုမ်း(စ်) နှင့် လေးပွင့်ဆိုင် အမှတ်သင်္ကေတ

ဝီကီပီးဒီးယား မှ

စုံထောက်ကြီး ရှားလောက်ဟုမ်း(စ်) နှင့် လေးပွင့်ဆိုင် အမှတ်သင်္ကေတ ဝတ္ထုသည် မြန်မာစာရေးဆရာ မြတ်ဝင်း (ကျောက်မဲ) ရေးသားသော ဘာသာပြန်ဝတ္ထု ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ချယ်ရီစာပေ မှ ဖြန့်ချိသည်။ [၁] ဆာ အာသာ ကိုနင်ဒွိုင်း ၏ ရှားလော့ဟုမ်း လက်ရွေးစင်ဝတ္ထုများ စာအုပ်မှ လေးပွင့်ဆိုင်သင်္ကေတ ဝတ္ထုကို ဘာသာပြန် ထားခြင်း ဖြစ်သည်။[၂]

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

မစ္စ မေရီ မော်စတန် မှာ ဘေကာလမ်းရှိ ရှားလောက်ဟုမ်း(စ်) ၏ အိမ်သို့ ဖခင်ပျောက်ဆုံးမှုအတွက် ရောက်လာသည်။ ကပ္ပတိန် မော်စတန်မှာ မေရီထံ ပြန်လာစဉ် လမ်း၌ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ကပ္ပတိန် မော်စတန်နှင့် သိကျွမ်းသည့် မေဂျာ ရှောတိုအိမ်ရောက်မှ စကားများရာမှ ဖြစ်သည့် ဒေါသ နှင့် နဂိုအခံ နှလုံးရောဂါတို့ ပေါင်းကာ သေဆုံးကြောင်း သိရသည်။ နောက်တိုးကိစ္စမှာ မေဂျာ ရှောတို၏ အိမ်မှ ပြဿနာ ဖြစ်သည်။

ခြေရာခံ စုံစမ်းပြီးနောက် တရားခံဖြစ်သူ ဂျွန်နသန်ကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ဂျွန်နသန်က သက်သေခံရာ၌ ကုန်သည် အပ်ချ မက် အားသတ်ကာ လုထားသည့် ရတနာများကို ဒေါ့စ် အက်ဘာ၊ အမ်ဒူလာ ခန်း၊ မိုဟာမက် ဆင်း တို့နှင့်ပေါင်းကာ လျှို့ဝှက်မြုပ်နှံထားကြောင်း၊ အပ်ချ မက် အားသတ်မှုဖြင့် ထိုလေးယောက် ထောင်ကျသောအခါ လွတ်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ထောင်မှူး မေဂျာ ဂျွန် ရှောတို ကို ဇာတ်ကြောင်းစုံ ပြောဖြစ်ကြောင်း၊ မောဂျာ ရှောတိုက သစ္စာဖောက်သွားရာ လက်စားချေပြီး ရတနာများအား ပြန်ယူခြင်း ဖြစ်ကြောင်း ပြောပြတော့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်ဝင်း (ကျောက်မဲ)။ "စုံထောက်ကြီး ရှားလောက်ဟုမ်း(စ်) နှင့် လေးပွင့်ဆိုင် အမှတ်သင်္ကေတ"။ ချယ်ရီစာပေ၊ ရန်ကုန်။ ၂၀၁၁၊ ဇွန်။
  2. Sir Arthur Conan Doyle, “The Sign of Four,” in Sherlock Holmes Selected Stories.