စုန္ဒထေရ်

ဝီကီပီးဒီးယား မှ

အရှင်စုန္ဒထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။ ဖခင်ဖြစ်သူမှာ ဝင်္ကန္တပုဏ္ဏားဖြစ်ပြီး မိခင်ဖြစ်သူမှာ သရီပုဏ္ဏေးမ ဖြစ်၏။ ဗြဟ္မဏမျိုးရိုးဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အရှင်စုန္ဒထေရ်သည် သိဒ္ဓတ္ထမြတ်စွာဘုရားအား ရည်မှန်း၍ မုလေးပန်းတို့ဖြင့် ပန်းစေတီပြုလုပ်၏။ ကြွင်းကျန်သောပန်းတို့ကို မြတ်စွာဘုရားအား လှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် အောက်ပါအတိုင်း ဗျာဒိတ်မြွက်ကြားတော်မူ၏။ “ဤယောက်ျားသည် လူ့ပြမှလွန်ခဲ့သော် နတ်အပေါင်းခြံရံကာ မုလေးပန်းတို့ပြွမ်းလျက် နတ်ပြည်သို့ သွားရမည်။ ပတ္တမြားဖြင့် ပြီးသည့် ရွှေဗိမာန်ကြီးသည်လည်း ထင်ရှားဖြစ်ပေါ်မည်။ ထိုပပြင် ၇၄ ကြိမ် နတ်မင်းအဖြစ်ကိုလည်းကောင်း၊ အကြိမ်သုံးရာ ဧကရာဇ်မင်းဖြစ်ကိုလည်းကောင်း၊ ၇၅ ကြိမ် စကြဝတေးမင်းအဖြစ်ကို ရမည်။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် “စုဠစုန္ဒ” အမည်ဖြင့် ရဟန္တာဖြစ်မည်” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စုန္ဒထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်၊ စုန္ဒတ္ထေရအပဒါန်