စီမံအုပ်ချုပ်မှု ဒီပလိုမာ

ဝီကီပီးဒီးယား မှ

စီမံအုပ်ချုပ်မှု ဒီပလိုမာ(Diploma in Manamgement and Administration) ကို ရန်ကုန်စီးပွားရေး တက္ကသိုလ် ၊ စီမံခန့်ခွဲမှု ပညာဌာနမှ ဖွင့်လှစ် သင်ကြားသည်။

DMA program ကို ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် Department of Commerce and Administration Studies မှစတင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ပရော်ဖက်ဆာ ဦးဝီလျှံပေါ (Professor William Paw) ဦးဆောင်ပြီး အခြား ပရော်ဖက်ဆာများ၏ ပူးပေါင်းမှု၊ University of Utah မှ exchange professor များ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည်။

စီမံအုပ်ချုပ်မှု ဒီပလိုမာကို စီးပွားရေးနှင့် စက်မှုလုပ်ငန်း လိုအပ်ချက် ကြီးထွားမှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော မန်နေဂျာများ၊ ကျွမ်းကျင်သော အုပ်ချုပ်သူများ ဖြည့်ဆည်းပေးရန်အတွက် စတင် ဒီဇိုင်းရေးဆွဲခဲ့သည်။ DMA program သည် ကောင်းစွာအောင်မြင်ခဲ့ပြီး ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ သင်တန်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။ case ကိုတင်ပြပြီး သင်တန်းသားများ၏ အမြင့်ဆုံး စွမ်းဆောင်ရည်သို့ တိုးတက်စေမည့် အပြန်အလှန် ဆွေးနွေးသင်ကြားသည့် novel teaching methods ကိုအသုံးပြုသည်။