စီနမာလေတံတား

ဝီကီပီးဒီးယား မှ
စီနမာလေတံတား
ސިނަމާލެ ބްރިޖް

တရုတ်-မော်ဒိုက် ချစ်ကြည်ရေးတံတား
တံတားအား ဝေဟင်မြင်ကွင်း
ကိုဩဒိနိတ် 4°10′24″N 73°31′28″E / 4.1733°N 73.5245°E / 4.1733; 73.5245ကိုဩဒိနိတ်: 4°10′24″N 73°31′28″E / 4.1733°N 73.5245°E / 4.1733; 73.5245
သယ်ဆောင်မှုမော်တော်ယာဉ်နှင့် လူသွားလမ်း
ဖြတ်သန်းမှုမာလေကျွန်း၊ ဟူဟူလေကျွန်း
တည်နေရာမော်လဒိုက်နိုင်ငံ
အမည်Sinamalé Bridge
ပြုပြင်ထိန်းသိမ်းသူတရုတ်ဆိပ်ကမ်းအင်ဂျင်နီယာကုမ္ပဏီ
အချက်အလက်များ
တံတားဒီဇိုင်းတံတားကွေး
စုစုပေါင်းအရှည်၁.၃၉ km
အကျယ်၂၀.၃ m
သမိုင်းကြောင်း
ဆောက်လုပ်သူတရုတ်ဆိပ်ကမ်းအင်ဂျင်နီယာကုမ္ပဏီ
လုပ်ငန်းပြီးဆုံးချိန်၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၀ ရက်
ဖွင့်ပွဲကျင်းပသည့်နေ့၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၀ ရက်
ဖွင့်လှစ်သည့်နေ့၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက်

စီနမာလေတံတား(တမ်းပလိတ်:Lang-dv)သည် မော်လဒိုက်နိုင်ငံရှိ တံတားတစ်စင်းဖြစ်ပြီး မာလေကျွန်း၊ ဟူဟူလေကျွန်းနှင့် ဟူဟူမာလေကျွန်းတို့ကို (ဟူဟူလေကျွန်းကိုဖြတ်၍) ဆက်သွယ်ပေးထားသည်။[၁] ၁.၃၉ ကီလိုမီတာရှည်သော တံတားတွင် နှစ်လမ်းသွား ကားလမ်း၊ မော်တော်ဆိုင်ကယ်များအတွက် သီးခြားလမ်းနှင့် လူသွားလမ်းတို့[၂]ပါဝင်ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရထံမှ ထောက်ပံ့ငွေရရှိထားသောကြောင့် မူလက ဤတံတားကို တရုတ်-မော်လဒိုက် ချစ်ကြည်ရေးတံတားဟု ခေါ်ဆိုခဲ့သည်။[၃][၄] မော်လဒိုက်နိုင်ငံအတွက် ကျွန်းအချင်းချင်းဆက်သွယ်ပေးထားသော ပထမဆုံးသော တံတားဖြစ်သည်။[၅]

မာလေနှင့် ဟူဟူလေကျွန်းအကြားတွင် တံတားတည်ဆောက်ရန် အကြံအစည်သည် ၂၀၀၇ ခုနှစ်တွင် ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး[၆] သမ္မတ Maumoon ၏ သမ္မတရွေးကောတ်ပွဲကမ်ပိန်းအတွင်း တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ကတိပေးပြီးသည့်နောက် ၂၀၀၈ ခုနှစ် ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။[၇][၈][၉] နောက်ထပ် သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည့် Mohamed Nasheed သည် အစပိုင်းတွင် ထိုအကြံအစည်နှင့်ပတ်သက်၍ ဝေဖန်ခဲ့သော်လည်း နောက်ပိုင်းတွင် မာလေ၊ ဟူဟူလေ၊ ဟူဟူမာလေ၊ ဗီလင်ဂီလီနှင့် ဂူလ်ဟိုင်းဖာဟူကျွန်းတို့ကို တံတားဖြင့်ဆက်ပေးမည့်ဟု တန်ပြန်ကတိပေးခဲ့ရသည်။[၇]

တံတားသည် US$ ၂၁၀ မီလီယံခန့် ကုန်ကျခဲ့သည်ဟု ခန့်မှန်းပြီး ထိုအထဲမှ US$၁၂၆ သန်းကို တရုတ်အစိုးရမှ အစိုးရထောက်ပံ့မှုအဖြစ် ပေးချေပေးမည်ဖြစ်သည်။[၁၀] တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာကုမ္ပဏီသည် အဓိက ကန်ထရိုက်တာဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဆူလ်တန် အဗ္ဗဒူလ် ဟာလင် မူအက်ဒမ် ရှား တံတားအား တည်ဆောက်ခဲ့ရာတွင် နာမည်ကောင်းများ ရရှိခဲ့သော ကုမ္ပဏီဖြစ်သည်။ [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. SinaMalé Bridge/China-Maldives Friendship Bridge Opened to Traffic - YouTube။ 2020-07-14 တွင် ပြန်စစ်ပြီး။
  2. "China-Maldives Friendship Bridge" project launched (in en-US)။ 2020-09-30 တွင် ပြန်စစ်ပြီး။
  3. "A new metropolis links up"။ The Business Report။ 10 September 2018 တွင် ပြန်စစ်ပြီး။
  4. Sina-Male’ Bridge: No tolls until September 23Maldives Times။ 10 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2021 တွင် ပြန်စစ်ပြီး။
  5. Macan-Markar၊ Marwaan။ "Maldivians head to presidential election in China's shadow"၊ September 20, 2018။ "The most visible is the Chinese-Maldives Friendship Bridge, the first cross-sea link in the country and built with aid from Beijing is part of Chinese President Xi Jinping's ambitious Belt and Road Initiative." 
  6. Abdulla၊ Ahmed Adham (2007)။ In-depth Technology Needs Assessment on transport sector။ Male', Maldives: Ministry of Environment and Energy။ p. 40။
  7. ၇.၀ ၇.၁ Bore hole drilling begins for Malé–Hulhulé bridge survey
  8. Waheed၊ Abdulla။ A Bridge Too Far?
  9. Imagine a bridge like the Oresund bridge connecting Male' to Hulhumale'
  10. Housing Minister Dr Mohamed Muizzu has on Tuesday revealed that approximately USD 210 million will be spent on the Male’-Hulhule bridge။ 4 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2021 တွင် ပြန်စစ်ပြီး။
  11. Witnessed by the President of China and the President of Maldives, CHEC Signed the MOU for Maldives Comprehensive Infrastructure Project Archived 4 September 2018 at the Wayback Machine. CHEC