စိုးမြင့်၊ အေဝမ်း

ဝီကီပီးဒီးယား မှ

အေဝမ်း စိုးမြင့် (၁၉၃၂ - ၂၀၀၇)[ပြင်ဆင်ရန်]

အေဝမ်း စိုးမြင့်သည် မြန်မာနိုင်ငံရှိ ဂီတ စာဆို တစ်ဦးဖြစ်သည်။ အေဝမ်း စိုးမြင့်ကို ဧရာဝတီတိုင်း မြောင်းမြ ခရိုင်၊ မြောင်းမြ မြို့မှာ အဖ ဦးရောင်ရှိန်၊ အမိ ဒေါ်ကျော့ တို့က မွေးဖွားခဲ့သည်။


အသက် ၂ဝ အရွယ်က စပြီး အေဝမ်း ရုပ်ရှင် ကုမ္ပဏီမှာ ဂီတ လုပ်ငန်းတွေကို စန္ဒရား အေဝမ်း ဦးခင်မောင်နှင့် တွဲဖက် လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ကစလို့ အေဝမ်း စိုးမြင့် အမည်နဲ့ သံစုံ တီထွင်မှုတွေ၊ ဂီတမှူး လုပ်ငန်းနဲ့ သီချင်း ရေးသား တာတွေ၊ ရုပ်ရှင် နောက်ခံ တေးဂီတ လုပ်ငန်း တွေကို လုပ်ကိုင်ခဲ့တယ်။ နာမည်ကျော် တီဝိုင်း တဝိုင်း ဖြစ်တဲ့ အေဝမ်း တေးဂီတ အဖွဲ့ကို အောင်အောင်မြင်မြင် ထူထောင် ခဲ့သည်။


၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ နာမည်ကျော် အဆိုတော် တင်တင်မြနှင့် လက်ထပ်ခဲ့သည်။


အေဝမ်း ဦးစိုးမြင့်သည် ၂၀၀၄ ခုနှစ်မှာ လူမှု ထူးချွန် ပထမ အဆင့် ရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှာ လူမှု ထူးချွန်ဆု ထပ်မံ ရရှိခဲ့။ ၁၉၉၈ - ၉၉ ခုနှစ်က စပြီး မြန်မာ့ ရုပ်သံ အကြံပေး နာယက၊ မြန်မာ့ အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့ ဂီတ စိစစ်ရေး အဖွဲ့ဝင် အဖြစ် တာဝန်ယူ ခဲ့တယ်။ ၂၀၀၆ ကစလို့ ဂီတအစည်းအရုံး နာယက အဖြစ်ပါ တာဝန်ယူခဲ့။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အေဝမ်း ဦးစိုးမြင့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့နံနက်တွင် နှလုံးသွေးကြောကျဉ်းရောဂါနှင့် ကွယ်လွန်ခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇန်နဝါရီ၊ ၂၀၀၈ ထုတ် မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် (၂၇၇) မှ