စိုးမင်းဦး၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ

၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ မွေးဖွားခဲ့သည်။ အမည်ရင်း စိုးမင်းဦး၊ ငယ်စဉ်က ရန်ကုန်မြို့ ဗဟိုတန်းမြင့် ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဒဿနိက) ရရှိ ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရှုမဝ မဂ္ဂဇင်း၌ ဝတ္ထုတိုများ စတင် ရေးသား ခဲ့သည်။ နောက် ဖြစ်တည်မှု ပဓာန ဝါဒ စာပေ ဆောင်ပါး များလည်း ရေးသား ခဲ့သည်။ ဟန်သစ်၊ မဟေသီ၊ ချယ်ရီ၊ သရဖူ မဂ္ဂဇင်း များတွင် ဝတ္ထုတိုနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။ Reporter ဂျယ်နယ် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ဝတ္ထုတို လုံးချင်း (၁) အုပ်နှင့် စာပေဆိုင်ရာ စာအုပ် (၁) အုပ် ရေးသား ထုတ်ဝေ ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]