စိမ်းလဲ့လဲ့ညိုပြာ

ဝီကီပီးဒီးယား မှ

ဘောင်သိမ်းကြိုး

ရေးသူ[ပြင်ဆင်ရန်]

မြဝတီမင်းကြီး

စိမ်းလဲ့လဲ့ညိုပြာ[ပြင်ဆင်ရန်]

စိမ်းလဲ့လဲ့ညိုပြာ။ ဇေယျာအောင်ခန်း။ ဘောင်တော်ဆိုက်ခါ မြန်းပါလို့။ ရွှေပြည်သူစုံပေါင်း ရှိပန်း။ ။

နန်းနှင့်ယာဉ်ဧရာ။ ပြည့်မျှရံဗိုလ်ပါ။ ကြွေးရင့်ဆော်သံဝွ။ နှဲနှင့်စည် တံမြွာ။ ဆေးလေးညီညာ။ သင်္ခါငါးမည်။ ညှင်းညှင်း တံရှည်ကျူး။ ဘယ်ရာဝင်ရှေးမှာမှ။ တူဟန်လေစံရေး ကြားဘူး။ ။

ထူးချွန်အောင်။ ကဲလွန်အောင်။ ဝေမှောင်ကင်းလို့လေ။ ။

မှန်သိင်္ဂီ။ ရံရွေညီ။ ဒေဝီမင်းနှင့်။ ဆင်း သူ ဇာလေလေတည့် ။ ဆင်းသူဇာ။


  • တံမြွာ ဟူသည်။ ပတ်သာ- ဒုံမင်း- ခွက်ခွင်း- ပုလွေ- တံရှည်- တံမြွာ ဟူသော။ တူရိယာငါးပါး အပါအဝင်။ နှစ်လုံးပြူး ပုလွေတမျိုးဖြစ်သည်။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/