စိန် အမှောင်၊ ကြောင် အလင်း
ပုံပန်းသွင်ပြင်
စိန် အမှောင်၊ ကြောင် အလင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]စိန် အမှောင်၊ ကြောင် အလင်း ဆိုသည်မှာ စိန်သည် အလင်းရောင် အားနည်းသော နေရာတွင် ပိုမိုတောက်ပပြီး ကြောင်ကျောက် (cat's eye gemstone) သည် အလင်းရောင်များသော နေရာတွင် ပိုမိုတောက်ပသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် စိန်နှင့် ကြောင်ကျောက်တို့၏ အလင်းပြန်မှု ဂုဏ်သတ္တိများ ကွဲပြားခြားနားပုံကို ဖော်ပြသည်။
- စိန် အမှောင်: စိန်သည် အလင်းရောင်ကို အတွင်း၌ ဖမ်းယူကာ ပြန်လွှတ်နိုင်သော ဂုဏ်သတ္တိရှိသည်။ အလင်းရောင် အားနည်းသော နေရာတွင်ပင် စိန်၏ တောက်ပမှုနှင့် အရောင်အဝါကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။
- ကြောင် အလင်း: ကြောင်ကျောက်တွင် အလင်းတန်းတစ်ခု ဖြတ်သွားသကဲ့သို့ ထင်ရသော အလင်းပြန်မှုမျိုး ရှိသည်။ ထိုအလင်းတန်းကို အလင်းရောင်များသော နေရာတွင် ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်သည်။
ဤဆိုရိုးစကားသည် ရတနာများ၏ ဂုဏ်သတ္တိများကို လေ့လာစောင့်ကြည့်ခြင်းမှ ပေါ်ပေါက်လာသော ရှေးခေတ် မြန်မာလူမျိုးတို့၏ အသိပညာကို ထင်ဟပ်စေသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- စိန်ကု ိအမှောင်၊ ကြောင်ကို အလင်း၊ မင်းကိုအကြိုက်၊ လိုရာလိုက်လျက်၊ [၂]
- စိန် အမှောင်၊ ကြောင် အလင်း ဟူသောစကားအရ စိန်ကောင်း တစ်လုံး ကို အနည်းငယ် အလင်းရောင်မှ ကွယ်၍ ကြည့်သောအခါ ပြိုးခနဲ ပြက်ခနဲ နှင့် မီးတောက်သလို တောက်ပလေသည်။ [၃]
- ကြောင်ကျောက်များကို နေရောင်အလင်းရောင်နှင့် ကြည့်ပါက ကြိုးများ ပို၍ မြူးထူးတောက်ပခြင်းကို အကြောင်းပြု၍ ကျောက်ကုန်သည်များက စိန်အမှောင်၊ ကြောင် အလင်းဟူ၍ ဆိုရိုးစကား ရှိပါသည်။ [၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၆၆] မဃ ၃၆၇။ ကိုးကား အမှား - Invalid parameter "'maga367" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၁၅] စာဗိမာန်၊ ၂၊ ၇။ ၄၇။ ကိုးကား အမှား - Invalid parameter "'sarbiman2-7-47" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၃၃] ကျောက်မျက် ရတနာ။ ၂၁၃။ ကိုးကား အမှား - Invalid parameter "'kyaukmyatyadana213" in
<ref>tag. The supported parameters are: dir, follow, group, name.