စိန်ဝင်း (ဂျာနယ်လစ်)

ဝီကီပီးဒီးယား မှ
စိန်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိန်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

စိန်ဝင်း (ဂျာနယ်လစ်) သည် အိန္ဒိယနိုင်ငံ အခြေစိုက် မဇ္ဈိမ သတင်းဌာန၏ ထိုင်းနိုင်ငံဆိုင်ရာ ရုံးခွဲ၏ အယ်ဒီတာဖြစ်သည်။ ကမ္ဘောဒီယားတွင် သတင်းစာပညာသင်ယူခဲ့ပြီး မပြန်တော့ဘဲ ပြည်ပ အခြေစိုက် မီဒီယာများတွင် ပါဝင်လုပ်ဆောင်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သည်။

လက်ရှိတွင်မဇ္ဈိသတင်းဌာန၏ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ (Managing Editor) အဖြစ်နှင့် Myanmar Center for Investigative Journalism (MCIJ) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။

သူသည် မဇ္ဈိမသတင်းဌာနတွင် ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူအဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် အင်တာဗျူးများလုပ်လေ့ရှိသည်။

Myanmar Journalism Institute (MJI) စတင်တည်ထောင်စဉ်ကစ၍ လေးနှစ်ကြာ Training Director အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။

သူသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သည်။ သို့သော်လည်း သတင်းစာပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေခဲ့သည်။