စိန်လွင် (အဆိုတော်)

ဝီကီပီးဒီးယား မှ

အဆိုတော် စိန်လွင်သည် စတီရီယိုတေးလောကတွင် ထူးခြားသော ဘယ်အသံပိုင်ရှင် အဆိုတော် တစ်ယောက်ဖြစ်သည်။ စိန်လွင်သည် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်မောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စိန်လွင်၏ မိဘများမှာ ဦးဘဖြူ နှင့် ခေါ်ခင်မမတို့ ဖြစ်ပြီး သားအကြီးဆုံးဖြစ်သည်။ ငယ်နာမည်မှာ ကိုဘိုဘို ဖြစ်ပြီး နာမည်ကျော်စတီရီယိုအဆိုတော်များ ဖြစ်ကြသည့်"ပလေးဘွိုင်း သန်းနိုင်"နှင့်"မြသီတာ"တို့၏

အစ်ကိုအရင်းဖြစ်သည်။အဆိုတော်"ဦးအံ့ကြီး"၏တူအရင်းလည်းဖြစ်သည်။အဆိုတော် စိန်လွင်သည် ၁၉၈၂−ခုနှစ်၊ ဩဂုတ်လ၊(၁၂)ရက်နေ့တွင် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် မလဲ့လဲ့မြင့်နှင့် သား ပြည့်ဖြိုးမောင်တို့ ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]