စိန်ခလုတ်

ဝီကီပီးဒီးယား မှ
မြန်မာလူမျိုးများ အသုံးပြုကြသော စိန်ခလုတ် ခေါ် သင်္ဘောခြစ်
စိန်ခလုတ် ခေါ် သင်္ဘောခြစ်၏ အနောက်ဘက်ပုံ

စိန်ခလုတ် (သို့မဟုတ်) သင်္ဘောခြစ် သည် မြန်မာလူမျိုးတို့ မိရိုးဖလာ အသုံးပြုကြသည့် သင်္ဘောခြစ်ဖြစ်သည်။ ဗျက် ၁၁ လက်မခန့်ရှိ သစ်သား ၂ချောင်းကို ဘောင်ကွပ်ပြီး အလွန်ချွန်ထက်သော အသွားများ ဖောက်ထားသည့် ကြေးနီနှင့်သွပ် ရောစပ်ထားသော ကြေးဝါပြား အခုံးကို အလယ်တွင်ခွ၍ တပ်ထားသည်။ မွှေကြော်များနှင့် အသုပ်ပွဲများအတွက် အသီးအရွက်များကို ဤခြစ်ဖြင့် ခြစ်လေ့ရှိကြသည်။ ဤခြစ်သည် လက်ချောင်းလေးများကို ထိခိုက်နိုင်၍ သတိထားရသည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. ဥမ္မာသျှား (ဒီဇင်ဘာ ၂၀၁၃)။ ဗမာမုန့်ပဲသရေစာများ (ဒု-ကြိမ် ed.)။ ရန်ကုန်၊ အိမ်တွင်းမှုစာပေ။