စိန့် ဆာဗင် ဆာ ဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း
စိန့် ဆာဗင် ဆာ ဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပြင်သစ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,iii |
ကိုးကား | ၂၃၀ |
ဒေသ** | ဥရောပနှင့်မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
စိန့် ဆာဗင် ဆာဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း သည် ပြင်သစ်နိုင်ငံ ပွိုင်တိုးပြည်နယ်ရှိ စိန့် ဆာဗင် ဆာဂတ်တန်မြို့တွင် တည်ရှိသော ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း တစ်ကျောင်းဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ရိုမန်နပ်စ် ဗိသုကာပုံစံ ဘုရားရှိခိုးကျောင်းအား ၁၁ ရာစု အလယ်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၁ ရာစုနှင့် ၁၂ ရာစု လက်ရာ လှပသော နံရံဆေးရေးပန်းချီများ အများအပြား ပါဝင်ကာ ထိုနံရံဆေးရေး ပန်းချီများမှာ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် အခြေအနေ ရှိသည်။ ၁၉၈၃ ခုနှစ်မှစ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင်ခဲ့သည်။
လက်ဝါးကပ်တိုင်ပုံရှိသော ဘုရားရှိခိုးကျောင်းတွင် စတုရန်းပုံ မျှော်စင်သည် ကန့်လန့်ဖြတ်နေရာ၏ အပေါ်တွင် ရှိသည်။ ဖြတ်မင်းလမ်း(transept) အား ဦးစွာတည်ဆောက်ခဲ့ပြီး ခွိုင်ရာ (choir) နှင့် ၎င်းအား ဝိုင်းပတ်ထားသော ဝတ်ပြုဆောင် ၅ ခုအား ထောင့်ကျကျ စက်ဝိုင်းခြမ်းပုံ အဟိုက်ထဲတွင် တည်ဆောက်ခဲ့သည်။ နောက်တဆင့်တွင့် အကန့်သုံးကန့်ရှိသော လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင် (nave) ကို တည်ဆောက်ခဲ့ပြီး ခေါင်းလောင်းမျှော်စင်နှင့် ဆင်ဝင်တို့ကို တည်ဆောက်ခဲ့ကာ နောက်ဆုံးအဆင့်တွင် လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင် ၆ ကန့်ကို ထပ်မံ တည်ဆောက်ခဲ့သည်။ ခေါင်းလောင်းမျှော်စင်အား ကျောက်တုံးချောများဖြင့် တည်ဆောက်ခဲ့ပြီး အချွန်မှာ ၈၀ မီတာမြင့်ကာ ၁၄ ရာစုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉ ရာစုတွင် ပြန်လည်တည်ဆောက်ခဲ့သည်။
စည်ပိုင်းပုံရှိသော အမိုးခုံးများရှိသည့် လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင်အား လက်ရာပြောင်မြောက်စွာ ခြယ်မှုန်းထားပြီး ထိပ်ဆုံးတွင် သစ်ရွက်ပုံ တိုင်အုပ်ရှိသည့် တိုင်လုံးများဖြင့် ထောက်ကန်ထားသည်။
ဘုရားရှိခိုးကျောင်း၏ အောက်တွင် အာဇာနည်ညီအစ်ကိုဖြစ်သော စိန့်ဆာဗင် နှင့် စိန့် ခရစ်ပီယံတို့ကို မြှုပ်နှံရာ အခန်းရှိပြီး သူတို့၏ ဘဝကို ဖော်ပြထားသော အင်္ဂတေပန်းချီများဖြင့် တန်ဆာဆင်ထားသည်။
ဓာတ်ပုံပြခန်း
[ပြင်ဆင်ရန်]-
၁၂ ရာစု ရိုမန်နပ်စ် နံရံဆေးရေးပန်းချီ (ဘုရားသခင်မှ နိုရာအား စကားပြောနေပုံ)
-
အင်္ဂတေပန်းချီ စိန့်ဆာဗင်နှင့် စိန့်ခရစ်ပီယံတို့ ညှဉ်းဆဲခံခဲ့ရသည်။