စိန့်မော

ဝီကီပီးဒီးယား မှ
ရိုင်ဗီးရီးယား လမ်းသွယ်၊ စိန့်မော (မေလ ၂၀၀၄)
စိန့်မော မြင်ကွင်း

စိန့်မောသည် ယူနိုက်တက် ကင်းဒမ်း၊ ကွန်းဝေါလ်စ် တောင်ဘက်ကမ်းရိုးတန်းရှိ ရို့စ်လန်း ကျွန်းဆွယ် ပေါ်တွင် တည်ရှိကာ ဖားလ်မောက်သ် ၏ တစ်ဖက်ကမ်းတွင် တည်ရှိသော ကျေးရွာငယ်လေးဖြစ်သည်။ ၎င်းသည် ရေခဲခေတ် အပြီး အရည်ပျော်ကျသည့် ရေတို့ကြောင့် ပင်လယ်ရေမျက်နှာပြင် သိသိသာသာ မြင့်တက်လာ ကာ ရှေးဟောင်းချိုင့်ဝှမ်း အား ရေလွှမ်းမိုးသွားပြီး ဖြစ်ပေါ်လာသည့် ကြီးမားသော ရေလမ်းကြောင်းတစ်ခု ဖြစ်သည့် ကာရစ်ရုဒ်မြစ် ၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ထိုသို့ ဖြစ်ပေါ်လာသည့် ဧရာမသဘာဝဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးဟု ဆိုလေ့ရှိသည်။ ၎င်းသည် တစ်ချိန်က အလုပ်များသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်ခဲ့သော်လည်း ကုန်သွယ်မှုပမာဏမှာ ၂၀ ရာစုအတွင်း ကျဆင်းသွားခဲ့ပြီး ယခုအခါတွင် ရွာရှိ အိမ်ရာအများအပြားကို အားလပ်ရက် တည်းခိုရန်နေရာအဖြစ် လုပ်ဆောင်လျက်ရှိပြီး လူကြိုက်များသော ခရီးသွားနေရာ တစ်ခုအဖြစ် တည်ရှိနေပါသည်။ ရွာသည် ရို့စ်လန်းအတွင်းရှိ စိန့်ဂျပ်စ်စီရင်စုတွင် ရှိသည်။