စိတ်ဓာတ်ဖျက်ခြင်း

ဝီကီပီးဒီးယား မှ

စိတ်ဓာတ်ဖျက်ခြင်းသည် စစ်ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးနယ်ပယ်ဝင် ကိစ္စတစ်ရပ်ဖြစ်သည်။ စိတ်ဓာတ်စစ်ဆင်ရေး၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး တိုက်ပွဲဝင်ရန်သူကိုဖြစ်စေ၊ နောက်တန်းနေရန်သူကိုဖြစ်စေ စိတ်ဓာတ်ပျက်ပြားရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်၏။ ရန်သူကို စစ်မြေပြင်တွင် ရင်ဆိုင်ရန်မလိုဘဲ ၎င်းတို့ဘာသာ ပြန်ဆုတ်ခြင်း၊ အရှုံးပေးခြင်း၊ ဖွဲ့စည်းပုံပျက်သွားခြင်းတို့ဖြစ်စေရန် တွန်းအားပေးသည်။

စစ်ဘက်သုံး စိတ်ဓာတ်ဖျက်နည်းတို့တွင် စနိုက်ပါများဖြင့် ပစ်ပစ်ပြေးပြေးတိုက်ခိုက်ခြင်း၊ လုံးလုံးမသေသောလက်နက်များ၊ မသန်မစွမ်းဖြစ်စေသောလက်နက်များဖြင့် နှောင့်ယှက်ခြင်း၊ ရက်ရက်စက်စက်ပြုမူကာ ရင်ဆိုင်ရန်ကြောက်ရွံ့လာစေခြင်းတို့ ပါဝင်သည်။ အချို့နည်းများမှာ နည်းဗျူဟာအဆင့်တွင် ပါပြီး ကုန်ကူးကုန်သွယ်တို့အား လုယက်ခြင်း၊ အချက်ကျကျ ဗုံးခွဲခြင်းနှင့် ပုံသေလုပ်ဆောင်နေကျဖြစ်သော မြို့ရွာစီးနင်းခြင်း၊ ဝါဒဖြန့်ခြင်းများ ပါဝင်သည်။